အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ဆေးကြက်ဥ ကြက်သားဆန်ပြုတ်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန် နိ့ုဆီဘူး တစ်လုံး
- ကြက်ပြုတ်ရည် ၂ လီတာခွဲ
- ကြက်ရင်အုံသား ၃၀၀ ဂရမ် (အသားများကို နွှင်ထားပါ)
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
- နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆေးကြက်ဥ ၂ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
- ဆားအနည်းငယ်
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဆန်ကို ရေဖြင့် စင်ကြယ်အောင် ဆေးထားလိုက်ပါ။ ထို့နောက် အိုးအကြီးတစ်လုံးထဲထည့်ပါ။ ကြက်ပြုတ်ရည်နှင့် ရေ ၂ လီတာတို့ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။
၂။ ဆူပွက်လာပါက ကြက်သားထည့်ပြီး ၁၅ မိနစ်ခန့် ထပ်တည်ထားပါ။
၃။ ကြက်သားက နူးအိသွားပါက ဆေးကြက်ဥ၊ ကြက်သွန်မြိတ်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဆေးကြက်ဥ ကြက်သားဆန်ပြုတ်လေး ရရှိသွားပါပြီ။
Source: Omnivorescookbook.com