အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ဆေးကြက်ဥ ကြက်သားဆန်ပြုတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် နိ့ုဆီဘူး တစ်လုံး
  • ကြက်ပြုတ်ရည် ၂ လီတာခွဲ
  • ကြက်ရင်အုံသား ၃၀၀ ဂရမ် (အသားများကို နွှင်ထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ဆေးကြက်ဥ ၂ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဆားအနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်ကို ရေဖြင့် စင်ကြယ်အောင် ဆေးထားလိုက်ပါ။ ထို့နောက် အိုးအကြီးတစ်လုံးထဲထည့်ပါ။ ကြက်ပြုတ်ရည်နှင့် ရေ ၂ လီတာတို့ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၂။ ဆူပွက်လာပါက ကြက်သားထည့်ပြီး ၁၅ မိနစ်ခန့် ထပ်တည်ထားပါ။

၃။ ကြက်သားက နူးအိသွားပါက ဆေးကြက်ဥ၊ ကြက်သွန်မြိတ်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဆေးကြက်ဥ ကြက်သားဆန်ပြုတ်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com