အားလုံးပဲ မင်္ဂလာပါ။ ပေါ့ပေါ့ပါးပါးဟင်းလျာလေးကို ချက်ပြုတ်စားသောက်ချင်သူတွေအတွက် ဒီတစ်ခါမှာတော့ ဆေးဘဲဥ ၃ လုံးနဲ့ ငရုတ်ပွ အနည်းငယ်ရှိရုံမျှဖြင့် အရသာရှိတဲ့ ငရုတ်ပွ ဆေးဘဲဥသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဆေးဘဲဥ ၃ လုံး
• အစိမ်းရောင် ငရုတ်ပွ ၂ ခု (ပါးပါးလှီးထားပါ)
• ကြက်သွန်မြိတ် ၂ မြွှာ (ပါးပါးလှီးထားပါ)
• ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်း
• နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆေးဘဲဥများကို အခွံခွာပြီး အနေတော်အတုံး တုံးထားပါ။ ထို့နောက် ပန်းကန်ပြားထဲ ထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးထဲသို့ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူလာပါက ငရုတ်ပွနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။

၃။ ထို့နောက် ဆီသတ်ထားသော ငရုတ်ပွ ကြက်သွန်ဖြူတို့ကို ဆေးဘဲဥပန်းကန်ထဲ လောင်းထည့်လိုက်ပါ။ နှမ်းဆီ၊ ပဲငံပြာရည် အကြည်နှင့် ဆားတို့ ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငရုတ်ပွ ဆေးဘဲဥသုပ်လေးကို ထမင်းနဲ့ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Chinasichuanfood.com