အားလုံးပဲ မင်္ဂလာပါ။ ပိတ်ရက်လေးမှာ ပိတ်ရက်လေးမှာ အရသာရှိတဲ့ အစားအစာတွေကို လုပ်စားချင်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်သားတုတ်ထိုးကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃၀၀ ဂရမ် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ)
  • ကြက်သွန်ဖြူ ၁ ဥ
  • ငရုတ်ပွအစိမ်း ၂ လုံး
  • ငရုတ်သီးဆော့ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • မုန်လာဥနီ ၁ လုံး
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်ဥအကာ ၁ လုံး
  • နှမ်းစေ့ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေစင်အောင် ဆေးပြီးနောက် ၄ စင်တီမီတာ အတုံးငယ် တုံးထားလိုက်ပါ။

၂။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီးနောက် ငရုတ်ပွ၊ မုန်လာဥနီတို့ကို ကြက်သားရဲ့ အရွယ်အစားနဲ့တူအောင် လှီးဖြတ်ထားပါ။ ကြက်သွန်နီတစ်ခြမ်းကိုလည်း ကြက်သားအရွယ်အစားအတိုင်း လှီးဖြတ်ထားပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥအကာ၊ ငရုတ်သီးဆော့စ်၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြားနှင့် ကြက်သားတို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။ ကျန်ရှိတဲ့ ကြက်သွန်နီတစ်ခြမ်းကို ပါးပါးလှီးပြီးနောက် ကြက်သားနဲ့အတူ ရောနယ်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲထည့်ပြီး ၁ နာရီ၊ ၂ နာရီခန့် စိမ်ထားလိုက်ပါ။

၄။ တုတ်တံများကို ရေထဲတွင် အရင်ဦးဆုံး စိမ်ထားလိုက်ပါ။ ထို့နောက် ကြက်သားတုံး တစ်တုံးကို တုတ်ထိုးထဲ ထိုးထည့်လိုက်ပါ။ ပြီးရင် မုန်လာဥနီ ထိုးထည့်ပါ။ ငရုတ်ပွနှင့် ကြက်သွန်နီတို့ ထိုးထည့်ပါ။ အစားအစာ အမျိုးအစားတစ်ခုချင်းစီကို တုတ်ထိုးထဲ ထိုးထည့်ပေးလိုက်ပါ။

၅။ အကင်မီးဖိုကို အပူပေးထားပါ။ အကင်ပြားကို ဆီလေးနဲ့ သုတ်ပေးလိုက်ပါ။ ထို့နောက် အကင်ချောင်းများကို ဆော့စ်ဖြင့် သုတ်လိမ်းပြီးနောက် အကင်မီးဖိုပေါ်တွင် ၁၂ မိနစ်ခန့် ကင်ပေးလိုက်ပါ။

အကင်ချောင်းအားလုံး ကင်ပြီးသွားပါက ဆော့စ်ဖြင့် ထပ်သုတ်ကာ အရသာရှိရှိစားသုံးနိုင်ပါတယ်။

Source: Chinasichuanfood.com