အားလုံးပဲ မင်္ဂလာပါ။ ပေါင်မုန့်၊ ကိတ်မုန့်စတဲ့ မုန့်အချိုပွဲတွေကို မိမိအိမ်မှာ ကိုင်တိုင်ကိုယ်ကျလုပ်စားရတာကို ဝါသနာပါတဲ့ အစားအစာချစ်သူများ အတွက် ဒီတစ်ခါမှာတော့ ချိစ်ကိတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂျုံမှုန့် ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
- မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
- ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
- ချိစ် စားပွဲတင်ဇွန်း ၁၆ ဇွန်း (အချောင်းလိုက် လှီးဖြတ်ထားပါ)
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- ကြက်ဥ ၂ လုံး
- နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားပါ။
၂။ ထောပတ်ခဲကို ခက်ရင်းဖြင့် ချေမွပြီးနောက်မှာတော့ ချိစ်နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ အနှစ်များဖြစ်သွားအောင် ရောနယ်လိုက်ပါ။
၃။ အခြားပန်းကန်လုံးထဲတွင်တော့ ကြက်ဥ ၂ လုံးကို သမအောင် မွှေခလောက်လိုက်ပါ။ နွားနို့နှင့် သကြားထည့်ပြီးနောက် သမအောင် ထပ်မွှေပါ။
၄။ အဆင့် (၂) က မွှေထားသော ချိစ် ထောပတ်အရောအနှောကို ကြက်ဥ ပန်းကန်လုံးထဲသို့ ပြောင်းထည့်ကာ သမအောင် နယ်ပါ။
၅။ ရရှိလာတဲ့မုန့်နှစ်များကို ကိတ်မုန့်ဖုတ်မယ့်အိုးထဲသို့ လောင်းထည့်လိုက်ပါ။ မျက်နှာပြင်ညီညာအောင် ညှိပြီးတဲ့နောက်မှာတော့ Oven ထဲထည့်ကာ မိနစ် ၅၀ ခန့် ဖုတ်ပေးလိုက်ပါ။
သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ်ကိတ်မုန့်လေး ရရှိသွားပါပြီ။
Source: Spendwithpennies.com