Pancake ကြိုက်တဲ့သူတွေနဲ့ ချိစ်ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ သူများနဲ့မတူတဲ့၊ စားနေကျပုံစံတွေထဲကနေ ကွဲထွက်နေမယ့် ချိစ်အစာသွပ် Potato Pancake ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့ အဓိကပါဝင်ပစ္စည်းကလည်း အာလူး၊ ချိစ်နဲ့ ပြောင်းဂျုံ သုံးမျိုးပဲ လိုပါတယ်။

အာလူးအလုံးကြီး – ၂ လုံး (သို့) ၃ လုံးကို အတုံးသေးလေးတွေလှီးပြီး အိုးထဲထည့့်ပြုတ်ပါ။

ပြုတ်ပြီးရင် ပန်းကန်ထဲထည့်ပြီး ချေပေးပါ။

ချေပြီးရင် ဆား – အနည်းငယ်၊ သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး သမအောင်နယ်ပါ။

နယ်ပြီးရင် ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ပုံသွင်းပြီး ချိစ် နည်းနည်းထည့်ပြီး လုံးပေးပါ။

လုံးပြီးပြီ ပုံသွင်းပြီးပြီဆိုရင်တော့ ဒယ်အိုးထဲ ဆီထည့်ပြီး ကြော်ပေးပါ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့ တို့စားလို့ရပါပြီ။ ဒါဆိုရင်တော့ စိမ့်စိမ့်လေးနဲ့ အရသာရှိတဲ့ ချိစ်အစာသွပ် Potato Pancake ကို ရရှိသွားပါပြီ။

Source: www.onemealaday