အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝက်သားကြိုက်တဲ့ Foodies လေးတွေအတွက် အကြိုက်တွေ့စေမယ့် ချိစ် ဝက်သားလိပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်ရတာ လွယ်ကူတဲ့အတွက်ကြောင့် မိမိအားတဲ့အချိန်လေးမှာ အရသာရှိရှိကြော်စားနိုင်တဲ့ ဝက်သားလိပ်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: meatorders.com

  • ဝက်သားပြား ၈ ပြား
  • ကြက်ဥ ၂ လုံး
  • အချောင်းလိုက် လှီးဖြတ်ထားသော ချိစ် ပန်းကန်လုံး တစ်ဝက်ခန့်
  • ဂျုံမှုန့် ပန်းကန်လုံးတစ်ဝက်ခန့်

Photo Source: facemasknow.com

  • ပေါင်မုန့် အကြေအစများ ပန်းကန်လုံး တစ်ဝက်ခန်
  • ထောပတ် အနည်းငယ်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဝက်သားပြားများကို ပလပ်စတစ်အိတ်ခံပြီး အလေးတုံးနဲ့ထုပေးလိုက်ပါ။

ထုပြီးသော ဝက်သားပြားများကို ဆားနှင့် ငရုတ်ကောင်းဖြူးထားပေးလိုက်ပါ။

ကြက်ဥ ၂ လုံးကို မွှေခလောက်ထားပြီး ဂျုံမှုန့်နှင့် ပေါင်မုန့်အကြေအစများကိုလည်း အဆင်သင့်ပြင်ထားလိုက်ပါ။ ထောပတ်ကိုလည်း အတုံးသေး ၈ တုံး တုံးထားပြီး ချိစ်အချောင်းလေးများနဲ့ ပေါင်းထည့်ထားပါ။

ဝက်သားပြားရဲ့ အလယ်ဗဟိုတည့်တည့်မှာ ထောပတ်တစ်တုံးထည့်ပြီး ချိစ်အနည်းငယ်ထည့်ကာ တင်းတင်းကြပ်ကြပ်လေး လိပ်ပေးလိုက်ပါ။

ဝက်သားလိပ် ၈ လိပ် ရသွားပါပြီ။ ထို့နောက် ဝက်သားများကို စတင်ကြော်ပါတော့မယ်။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ပေးထားပြီး ဆီထည့်ကာ ဆီကျက်လာအေောင် စောင့်လိုက်ပါ။ ဆီကျက်အောင် စောင့်နေတဲ့အချိန်မှာ ဝက်သားလိပ်များကို ကြက်ဥထဲနှစ်၊ ပြီးတဲ့အခါ ဂျုံမှုန့်များ ကပ်ဖို့အတွက် ဂျုံမှုန့်ပန်းကန်ထဲထည့်လိုက်ပါ။ ပြီးရင် ကြက်ဥထဲ နောက်တစ်ခေါက်ထပ်နှစ်ပြီး ပေါင်မုန့် အကြေအစများ ထပ်ကပ်ပေးလိုက်ပါ။

၈ တုံးစလုံး ကြက်ဥ၊ ဂျုံမှုန့်၊ ပေါင်မှုန့်အကြေအစများ ကပ်ပြီးတဲ့အခါမှာတော့ မီးအပူချိန်လျော့ပေးလိုက်ကာ ဆီပူထဲမှာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ အသားလိပ်များ ရွှေညိုရောင်သမ်းလာတဲ့အချိန်မှာတော့ ပန်းကန်ပြားလေးထဲထည့်ကာ အအေးခံလိုက်ပါ။

ချိစ်ဝက်သားလိပ်လေးကို ဆော့စ်နဲ့ပဲ တို့စားစား၊ မိရောနိစ် (သို့) အာလူးထောင်းနဲ့ပဲဖြစ်ဖြစ် တွဲဖက်စားသုံးနိုင်ပါတယ်။

Source: www.mydeliciousmeals.com