စတော်ဘယ်ရီ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ချိစ်အစာသွပ် စတော်ဘယ်ရီအချိုပွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး အနည်းငယ်
  • ခရင်မ်ချိစ် ၈ အောင်စ
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Heavy ခရင်မ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဗနီလ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကွတ်ကီးအကြေအစ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးရဲ့ချွန်နေသော အောက်ခြေကို အနည်းငယ် လှီးဖြတ်လိုက်ပါ။ ဒါမှ စတော်ဘယ်ရီသီးလေးကို အောက်ခြေညီနေအောင် ထားထားပေးနိုင်မှာပါ။

၂။ ထို့နောက် စတော်ဘယ်ရီရဲ့ ဖတ်ရွက်စိမ်းများကို ဖယ်ရှားပြီးနောက် စတော်ဘယ်ရီသီးအထဲသားကို ဂလိုဏ်ပေါက်လေးဖြစ်သွားအောင် အသားအနည်းငယ်ကို လှီးထုတ်လိုက်ပါ။

စတော်ဘယ်ရီသီးများအားလုံး ကုန်သွားသည်အထိ ပြုလုပ်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ခရင်မ်ချိစ်၊ သကြား (စားပွဲတင်ဇွန်း ၅ ဇွန်း)၊ Heavy ခရင်မ်၊ သံပုယိုရည်နှင့် ဗနီလာတို့ကို လျှပ်စစ်မွှေစက်ဖြင့် ခရင်မ်အနှစ်များဖြစ်သွားအောင် မွှေပေးလိုက်ပါ။

၄။ အခြားပန်းကန်လုံးအသေးတစ်လုံးတွင် ကွတ်ကီးအကြေအစလေးများကို ထောပတ် (အရည်ဖျော်ပြီးသား)နှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၅။ အဆင့် (၃) က ပြုလုပ်ထားသော ခရင်မ်ချိစ်များကို အလုံပိတ်အိတ်ထဲထည့်ပါ။ ထို့နောက် အိတ်ရဲ့ထောင့်စွန် ထိပ်ပိုင်းကို အနည်းငယ် ညှပ်ထုတ်လိုက်ပါ။ ထို့နောက် စတော်ဘယ်ရီထဲသို့ ညှစ်ထည့်လိုက်ပါ။

၆။ ပြီးရင်တော့ သကြားကွတ်ကီးအရောအနှောများကို ထိုစတော်ဘယ်ရီချိစ်ထဲသို့ ဖြူးထည့်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၂၄ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ စတော်ဘယ်ရီထဲက ချိစ်များက တင်းတင်းရင်းရင်းလေးဖြစ်နေပါလိမ့်မယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အစာသွပ် စတော်ဘယ်ရီအချိုပွဲလေး ရရှိသွားပါပြီ။

Source: Thespruceeats.com