ပရိုတင်းဓာတ် ကြွယ်ဝပြီး အာဟာရပြည့်တဲ့ ကြက်ဥကို ပုံမှန်စားနေကျ ကြက်ဥကြော်၊ ကြက်ဥဟင်းပုံစံမျိုး ချက်စားတာမျိုးမဟုတ်ဘဲ ချိစ်အရသာလေးနဲ့ ကြက်ဥမီးဖုတ်စားလို့ရမယ့် ဟင်းချက်နည်းအသစ်တစ်မျိုးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း (အရည်ဖျော်ထားပါ)
  • ကြက်ဥ ၁၂ လုံး
  • ချိစ် ၃၂ အောင်စခန့်
  • ဂျုံမှုန့် ၁၂၅ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကြက်ဥဖုတ်မယ့် လင်ဗန်းကို ထောပတ်ဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥ၊ ချိစ်၊ ဂျုံမှုန့်နှင့် ဆားတို့ထည့်ပြီး သမအောင် မွှေခလောက်ပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်ဥ ဂျုံမှုန့်အရောအနှောတို့ကို လင်ဗန်းထဲ လောင်းထည့်လိုက်ပါ။

၃။ ထို့နောက် ကြိုတင်အပူပေးထားသော Oven ထဲတွင် မိနစ် ၅၀၊ တစ်နာရီခန့် ထည့်ဖုတ်လိုက်ပါ။ ၄၅ မိနစ်ပြည့်ပါက ကြက်ဥကို တစ်ချက်စစ်ကြည့်လိုက်ပါ။ မိမိလိုချင်တဲ့အရောင်အနေအထားရသွားပြီဆိုရင်တော့ အနေတော်အတုံးလေး လှီးဖြတ်ပေးလိုက်ပါ။

ထို့နောက် မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိတို့စားနိုင်ပါပြီ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ အာလူးကြော် စတဲ့အစားအစာတွေနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်လည်း အင်မတန်အရသာရှိပါတယ်။

Source: The-girl-who-ate-everything.com