ချိစ် ကြက်သားပြားကြော် ကြော်ဖို့အတွက် အဓိကပါဝင်ပစ္စည်းတွေဖြစ်တဲ့ Mozzarella ချိစ်နဲ့ Parmesan ချိစ် နှစ်မျိုးအပြင် Sour Cream လည်း စားပွဲတင်ဇွန်း ၅ ဇွန်းစာခန့် လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားပါ)
  • ကြက်ဥ ၂ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • Mozzarella ချိစ် ပန်းကန်လုံး ၁ လုံးစာ (အချောင်းလိုက် ခြစ်ချထားပါ)
  • Sour Cream စားပွဲတင်ဇွန်း ၅ ဇွန်း

  • Parmesan ချိစ် စားပွဲတင်ဇွန်း ၈ ဇွန်း (အချောင်းလိုက် ခြစ်ချထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • စမုန်စပါး စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို အတုံး သေးနိုင်သမျှ သေးအောင် တုံးထားလိုက်ပါ။

၂။ ပန်းကန်လုံး တစ်လုံးထဲတွင် ကြက်ဥများ၊ ဂျုံမှုန့်၊ Mozzarella ချိစ်၊ Sour Cream ၊ Parmesan ချိစ်၊ ကြက်သွန်မြိတ်၊ စမုန်စပါး၊ ကြက်သွန်ဖြူအမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

ထို့နောက် ကြက်သားတုံးများထည့်ကာ သမအောင် ထပ်နယ်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ရေခဲမုန့် ကလော်သည့်ဇွန်း (သို့) ဇွန်းအကြီးတစ်ချောင်းဖြင့် ကြက်သားမုန့်နှစ်များကို ခပ်ယူပြီး ဆီပူထဲ ထည့်ပါ။ ကြက်သားမုန့်နှစ်ကို ပြားအောင် ဖိလိုက်ပါ။

၄။ တစ်ခြမ်းစီကို ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပြီးတဲ့အခါ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် ကြက်သားပြားကြော်များ ရရှိသွားပါပြီ။

Source: Cravinghomecooked.com