ကြက်ဥက ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပုံစံနဲ့ချက်ချက် အမြဲတမ်းစားလို့ကောင်းတဲ့ အစားအစာတစ်ခုပါ။ ဒါ့အပြင် အာဟာရဓာတ်တွေလည်း ပြည့်နေတဲ့ ကြက်ဥကို ဒီတစ်ခါမှာတော့ ပေါင်မုန့်အပြင် ချိစ်တွေပါထည့်သွင်းပြီး ချက်ကြည့်ရအောင်နော်။

မနက်စာအနေနဲ့ပဲစားစား၊ နေ့ခင်းသရေစာအနေနဲ့ပဲဖြစ်ဖြစ် အမြဲတမ်းခံတွင်းတွေ့မှာကတော့ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်ချပ်များ
  • ကြက်ဥ
  • ထောပတ်
  • ဝက်သားပြား
  • ချိစ်၊ ဆား ၊ ငရုတ်ကောင်းမှုန့်

ပြင်ဆင်ပြုလုပ်ပုံ

၁။ Oven ကို အရင်ဦးဆုံး ၃၅၀ ဒီဂရီမှာ အပူပေးထားပါ။ ပေါင်မုန့်တစ်ချပ်ရဲ့ အလယ်ကို ဇွန်းသုံးပြီးတော့ လိုက်ဖိပေးပါ။ ချိုင့်ဝင်သွားပြီဆိုရင် အတွင်းသားရဲ့နံရဲတွေကို ထောပတ်လိုက်သုတ်ပေးလိုက်ပါ။

၂။ ပြီးရင် မီးဖုတ်မယ့် ဒယ်အိုးပြားထဲကို ပြောင်းထည့်လိုက်ပြီးတော့ ပေါင်မုန့်အတွင်းထဲမှာ ဝက်သားပြားလေးတွေ လိုက်ထည့်လိုက်ပါ။

၃။ ဝက်သားပြားတွေစီပြီးသွားရင် ကြက်ဥတစ်လုံးဖောက်ထည့်လိုက်ကာ ဆား၊ ငရုပ်ကောင်းလိုက်ဖြူးပေးပါ။

၄။ နောက်ဆုံးအနေနဲ့ အပေါ်ကနေ ချိစ်လေးတွေပါ လိုက်ထည့်ပေးပြီးပြီဆိုရင်တော့ အစောပိုင်းက အပူပေးထားတဲ့ မီးကင်စက်ထဲမှာ မိနစ် ၂၀ လောက်ကင်ပေးလိုက်ပါ။

အချိန်ပြည့်သွားပြီဆိုရင်တော့ နှစ်လိုစရာအသွင်အပြင်နဲ့ စားချင်စရာကောင်းလောက်အောင် ဆွဲဆောင်နိုင်တဲ့ ပေါင်မုန့်ကြက်ဥလေးကို ရရှိပြီဖြစ်ပါတယ်။

Source: kitchenbowl