ဟော့ဒေါ့ကို ဒီတိုင်းပဲစားနေရတာ ရိုးလာရင် အိမ်မှာ တစ်မျိုးပြောင်းပြီး ထွင်စားကြည့်ပါ။ ဒီတစ်ခါမှာတော့ ချိစ်ကြိုက်တဲ့သူတွေအတွက် ဟော့ဒေါ့ကို ချိစ်ပြားကပ်ပြီး မုန့်နှစ်နဲ့ ပြန်ကြော်စားနိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာမခက်ခဲပါဘူးနော်။

ချိစ်အပြားတစ်ပြားကိုယူပြီး ဟော့ဒေါ့တစ်ချောင်းတင်ပါ။ ပြီးရင်တော့ လက်နဲ့လိပ်ပေးပြီး ဒုတ်ချောင်းထိုးပါ။ ကိုယ်စားချင်သလောက် အားလုံးလုပ်ပြီးရင်တော့ မိနစ် ၂၀ လောက် အအေးခံထားလိုက်ပါ။

ပန်းကန်လုံးအကြီးထဲကို ဂျုံမှုန့် – ခွက်သေး ၂ ခွက်စာထည့်ပါ။ ဆား – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး နွားနို့ – ခွက်တစ်ခွက်ခွဲစာ ထည့်ပါ။ ကြက်ဥ – ၂ လုံးလည်း ဖောက်ထည့်ပြီး သမအောင်မွှေပေးပါ။

သေချာသမအောင်မွှေပြီးရင် ပန်းကန်လုံးအရှည်ထဲ ပြောင်းထည့်လိုက်ပါ။ ဒါမှ လုပ်ရတာ ပိုလွယ်ကူမှာပါ။
ခုနကအအေးခံထားတဲ့ ဟော့ဒေါ့တွေကို တစ်ချောင်းချင်းယူပြီး ပန်းကန်လုံးထဲ နှစ်ထည့်ပါ။

ပြီးရင် ဆီအိုးထဲထည့်ကြော်ပါ။ ကြော်ပြီးရင် ဆီစုပ်စက္ကူနဲ့ ဆီသုတ်ပါ။

အားလုံးပြီးရင်တော့ အချဉ်နဲ့တို့ပြီး စားသုံးနိုင်တဲ့ ချိစ်ဟော့ဒေါ့ကြော်ကို ရရှိသွားပါပြီ။

Photo Source: www.tasty.com