ပေါင်မုန့်ကို ဘာအစာသွပ်မှ မညှပ်ဘဲ ဒီအတိုင်းအလွတ်စားမယ့်အစား ထောပတ်၊ ချိစ်နဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့နဲ့ ရောစားမယ်ဆိုရင် အရသာတစ်မျိုးလေးထူးခြားပြီး စားလို့ကောင်းပါတယ်။
မယုံဘူးဆိုရင်တော့ အခုချက်ချင်းလုပ်စားကြည့်လိုက်တော့နော်။
ပါဝင်ပစ္စည်းများ
- ထောပတ် တစ်ချောင်း (၆၄ ဂရမ်ခန့်)
- ချိစ် ၄ အောင်စခန့် (အချောင်းလေးများဖြစ်အောင် ခြစ်ချထားပါ)
- မိရောနိစ် ၂၃၀ ဂရမ်
- ကြက်သွန်မြိတ် တစ်ပင် (ခပ်ပါးပါးလှီးဖြတ်ထားပါ)
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
- ပြင်သစ်ပေါင်မုန့်ရှည် တစ်လုံး
ပြုလုပ်နည်းအဆင့်ဆင့်
အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။
ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထောပတ်၊ ချိစ်၊ မိရောနိစ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ စတဲ့ပါဝင်ပစ္စည်းတွေကို ရောထည့်ပြီး နယ်ပေးလိုက်ပါ။
ပေါင်မုန့်ကို အလယ်တွင် ထက်ခြမ်းခြမ်းလိုက်ပြီး ပေါင်မုန့်အတွင်းသားနှစ်ဖက်စလုံးကို ချိစ်အရောအနှောများဖြင့် သုတ်လိမ်းပေးလိုက်ပါ။
ထို့နောက် မီးဖိုထဲတွင် ၇ မိနစ်ခန့်ထည့်ပြီး ဖုတ်ထားလိုက်ပါ။ မိနစ်အနည်းငယ်အအေးခံထားပြီး အေးသွားတော့မှ ပေါင်မုန့်ရှည်ကို မိမိစိတ်ကြိုက်ပုံသဏ္ဍာန်လှီးဖြတ်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: justataste.com