ပင်လယ်စာပုစွန်ဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ချိစ်အရသာနဲ့ ကြော်ထားတဲ့ ပုစွန်ကြော်ကို ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းအောင် ဘယ်လိုချက်ပြုတ်ပြင်ဆင်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများကလည်း များများစားစားမလိုအပ်ပါဘူး။ (၅) မျိုးတည်းရှိရုံနဲ့ အရသာရှိရှိ ချက်ပြုတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင် (အကောင် ၂၀၊ ၂၅ ကောင်ခန့်)
  • မိရောနိစ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ချိစ် ၄ အောင်စ (အချောင်းလိုက် ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ပုစွန်များကို အခွံခွာ ရေဆေးပြီးနောက်မှာတော့ အလယ်တည့်တည့် ဝမ်းဗိုက်သားကနေ ခေါင်းပိုင်းအထိ ထက်ခြမ်းလှီးဖြတ်ပြီး အတွင်းသားကို ဖွင့်ထားလိုက်ပါ။ ထို့နောက် လင်ဗန်းပေါ် တင်ထာားလိုက်ပါ။

၂။ ထို့နောက် ပုစွန်တစ်ကောင်ချင်းစီကို မိရောနိစ်နှင့် သုတ်လိမ်းထားလိုက်ပါ။

၃။ ပြီးရင်တော့ ကြက်သွန်ဖြူအမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ ဖြူးထားလိုကပါ။

၄။ ပါးပါးလှီးထားသော ချိစ်များကို ပုစွန်တစ်ကောင်ချင်းစီပေါ်သို့ အညီအမျှ ခွဲတင်ထားလိုက်ပါ။ ထို့နောက် Ovven ထဲထည့်ကာ ၁၀ မိနစ်မှ ၁၂ မိနစ်ခန့် အပူပေးလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ချိစ်အရသာ ပုစွန်ကြော်လေးများရရှိသွားပါပြီ။

ပန်းကန်လုံးထဲ ပြောင်းထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Natashaskitchen.com