ကိုရီးယားအစားအစာတွေကို ကြိုက်တဲ့သူတွေနဲ့ အစားတလိုင်းလေးတွေအတွက် ကိုရီးယားချိစ်ကင်မ်ချီထမင်းကြော် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Mozzarella ချိစ်၊ ကြက်သား၊ ထမင်းဖြူ၊ ကင်မ်ချီ၊ ကြက်သွန်၊ ကင်မ်ချီအရည်၊ နှမ်းဆီ၊ ဆီ၊ ကိုရီးယား ငရုပ်သီးဆော့စ် (Gochujang Chili Paste) တို့ လိုပါတယ်။

ဒယ်အိုအပြားထဲကို ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သွန် – ၁ လုံးကို လှီးပြီး ဇွန်းနဲ့ ခဏမွှေပါ။

အရိုးမပါပဲ ကြက်သား အသားချည်းပဲ ၂၀၀ ဂရမ်ကို လက်တစ်ဆစ်လောက် အတုံးလေးတွေ လှီးပြီး ထည့်ကြော်ပါမယ်။

ကင်မ်ချီ – ခွက် ၁ ခွက်ခွဲစာ ထည့်ကြော်ပါမယ်။ ခဏလောက်မွှေနေပေးပါ။

ထမင်းဖြူကို ပန်းကန်လုံး – ၃ လုံးစာလောက် ထည့်ကြော်ပါမယ်။

City Mart တွေမှာရောင်းတဲ့ ကိုရီးယား ငရုပ်သီးဆော့စ် (Gochujang Chili Paste) ကို စားပွဲတင်ဇွန်း ၃ ဇွန်းစာ ထည့်ပြီး နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကင်မ်ချီအရည် – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ကာ မွှေပေးပါ။

ထမင်းကြော်ရပြီဆိုရင် ပုံမှာပြထားတဲ့အတိုင်း ဘေးဘက်မှာ ချိစ်ထည့်ဖို့နေရာလေးလုပ်ပေးပါ။

Mozzarella ချိစ်ကို ပန်းကန်လုံး တစ်လုံးစာ ထည့်ပေးပါ။ လက်နဲ့ယူပြီး ချိစ်ထည့်မယ့်နေရာလေးမှာ ထည့်ပေးပါ။

ချိစ်လည်းရပြိဆိုရင် အပေါ်ကနေ ရေညှိလေးတွေ တင်ပေး၊ နှမ်းကြိုက်ရင် နှမ်းလေးပါဖြူးပြီး စားလို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုယ်တိုင်လုပ်ထားတဲ့ ကိုရီးယားချိစ်ကင်မ်ချီ ထမင်းကြော်ကို ရရှိသွားပါပြီ။

Source: www.seismikmakan