အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားလူမျိုးတွေ အစားအစာ စားကြတဲ့အခါ မပါမဖြစ်တဲ့အရံဟင်းလျာတစ်မျိုးရှိပါတယ်။ ထိုအစားအစာကတော့ ကင်ချီပဲဖြစ်ပါတယ်။ ထိုကင်ချီကို သွားရေစာမုန့်အဖြစ် စားချင်တယ်ဆိုရင်တော့ ချိစ်အရသာကဲထားတဲ့ ကင်ချီပန်ကိတ်ကြော်ပုံစံလေး ကြော်စားလိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၂၈ ဂရမ်
  • ရေ ၂၅၀ မီလီလီတာ
  • ကင်ချီ ၂၅၀ ဂရမ် (အနေတော်အတုံး တုံးထားပါ)
  • ကြက်သား (သို့) ဝက်သား (သို့) အမဲသား ၁၂၅ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၄ လုံး

  • ချိစ် ၆၀ ဂရမ်
  • ငရုတ်နှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်နှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးကြီးတစ်လုံးထဲတွင် ဂျုံမှုန့်နှင့် ရေတို့ကို အနှစ်များဖြစ်အောင် မွှေပေးလိုက်ပါ။ ထို့နောက် ကင်ချီ၊ ကြက်ဥ၊ ချိစ်နှင့် ငရုတ်နှစ်တို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် မိရောနိစ်၊ ခရုဆီ၊ ငရုတ်နှစ်၊ နှမ်းဆီနှင့် ဆန်ရှာလကာရည်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ဒယ်အိုးအလယ်တည့်တည့်တွင် ဂျုံမှုန့်အနှစ် ယောင်းမဇွန်းတစ်ဇွန်းစာခန့် ထည့်ပါ။ ထို့နောက် ဒယ်အိုးဘေးဘက်သို့ ဖြန့်ပေးလိုက်ပါ။ ၂ မိနစ်ပြည့်ပါက အခြားတစ်ဘက်သို့လှန်ကာ နောက်ထပ် တစ်မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၄။ ဒါဆိုရင်တော့ ချိစ်အရသာ ကင်ချီပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။ ဂျုံမှုန့်အနှစ်များ ကုန်သွားသည်အထိ ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ချိစ် ကင်ချီပန်ကိတ်ကို အဆင့် (၂) က ပြုလုပ်ထားတဲ့ ဆော့စ်နဲ့အတူတူ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Omnivorescookbook.com