အားလုံးပဲ မင်္ဂလာပါ။ သာယာလှပတဲ့ ပိတ်ရက်ကလေးမှာ ချိုမြိန်တဲ့ချိစ်အရသာလေးနဲ့ အာလူးပန်ကိတ်လုပ်စားကြရအောင်လား။

ပါဝင်ပစ္စည်းများ

  • အာလူးထောင်း ၉၀၀ ဂရမ်
  • ချိစ် အနည်းငယ် (အချောင်းလိုက် ခြစ်ချထားပါ)

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၁ လုံး (ခပ်ပြင်းပြင်း မွှေခလောက်ထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆီ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်အကြီးတစ်လုံးထဲတွင် အာလူးထောင်း၊ ချိစ်၊ ကြက်သွန်မြိတ်နဲ့ ဂျုံမှုန့်တို့ကို သမအောင် ရောနယ်ပါ။

နယ်ပြီးသွားပါက အနေတော် အလုံး ၁၂ လုံးစီ လုံးပြီး ပြားသွားအောင် ဖိပေးလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ အာလူးပြားများကို ထည့်ကြော်ပါ။

၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးပါ။ အာလူးပြား နှစ်ဖက်စလုံး အညိုရောင် သမ်းလာမှ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။ သတိထားရမှာကတော့ အာလူးကို နောက်တစ်ဖက်လှန်တဲ့အခါ စောစီးစွာမလှန်မိဖို့ပါပဲ။

ပန်းကန်ထဲထည့်ထားတဲ့ ကြော်ပြီးသားအာလူးများကို အအေးခံပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ချိစ်အာလူးပန်ကိတ်ကို ခရင်မ်နဲ့ဖြစ်ဖြစ်၊ ဆော့စ်နဲ့ ဖြစ်ဖြစ် တို့စားနိုင်ပါတယ်။

Source: justataste.com