အားလုံးပဲ မင်္ဂလာပါ။ တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝစွာနဲ့ သွားလာလှုပ်ရှားနိုင်ဖို့အတွက် မနက်စာ စားသုံးခြင်းက အင်မတန်အရေးကြီးလှပါတယ်။ ဒါ့ကြောင့် ဒီလိုအရေးကြီးလှတဲ့ မနက်စာကို အိပ်ယာထနောက်ကျလို့၊ ရုံးနောက်ကျမှာစိုးလို့ မစားဖြစ်တော့တာမျိုး မဖြစ်ရအောင် ပြုလုပ်ရတာလည်း လွယ်ကူပြီး အချိန်တိုအတွင်းပြင်ဆင်လို့ရမယ့် ချိစ်ကြက်ဥ ပလာတာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.bbc.com

  • ဂျုံမုန့်အပြားတစ်ချပ်
  • ကြက်ဥ ၄ လုံး

  • အချောင်းလိုက်လှီးထားသော ဒိန်ခဲ ပန်းကန်လုံး လေးပုံတစ်ပုံခန့်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ဂျုံမှုန့်အပြားကို စက်ဝိုင်းပုံသဏ္ဍာန်ညှပ်ထုတ်ထားလိုက်ပါ။

ညှပ်ထုတ်ထားတဲ့ စက်ဝိုင်းပုံဂျုံပြားကို နောက်ထပ် စက်ဝိုင်းအရာလေး ထပ်ပေးလိုက်ပြီး ခက်ရင်းနဲ့ ခပ်ဖွဖွလေးထိုးပေးလိုက်ပါ။ ဒါမှ ဂျုံသားလေးတွေက ဖောင်းဖောင်းလေးနဲ့ အရသာရှိလာမှာပါ။ ပြီးတဲ့အခါ Oven ထဲမှာ အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်နဲ့ ၈ မိနစ်ခန့် ထားထားပါ။

၈ မိနစ် ကြာတဲ့အခါ Oven ထဲက ထုတ်ပြီး ကြက်ဥထည့်လို့ရအောင်လို့ ခုနက စက်ဝိုင်းရာလေးပေးထားတဲ့နေရာကို ဇွန်းလေးနဲ့ဖိချလိုက်ပါ။

ထို့နောက် အချောင်းလိုက်လှီးထားသော ဒိန်ခဲများထည့်လိုက်ပါ။

တစ်ဆက်တည်းမှာပဲ ကြက်ဥတစ်လုံးချင်းစီဖောက်ထည့်လိုက်ပါ။ ပြီးရင် အပေါ်ကနေ ငရုတ်ကောင်းမှုန့်နဲ့ ဆားအနည်းငယ်ဖြူးလိုက်ပါ။ ထို့နောက် Oven ထဲမှာ ၁၂ မိနစ်ခန့် ပြန်ထည့်ထားလိုက်ပါ။

၁၂ မိနစ်ပြည့်လို့ Oven ထဲက ထုတ်ပြီးတဲ့အခါ ကြက်သွန်မြိတ်လေးဖြူးပေးလိုက်ပါ။

ပြီးရင် ပန်းကန်းပြားလေးထဲထည့်ပြီး အရသာရှိလှတဲ့ မနက်စာ ချိစ် ကြက်ဥပလာတာလေးကို ကော်ဖီနဲ့ဖြစ်ဖြစ် နွားနို့နဲ့ဖြစ်ဖြစ် သုံးဆောင်လို့ရပါပြီနော်။

Source: www.justataste.com