အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းပွဲလေးကတော့ အာလူးထောင်း ကြက်ဥ Half-Fried လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• အာလူး ၆ လုံး (ပြုတ်ပြီး အခွံခွာထားကာ အနေတော်အတုံးများ တုံးထားပါ)
• နွားနို့နှင့် ရေ ၁၂၅ မီလီလီတာစီ
• ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
• ထောပတ်
• ကြက်ဥ ၄ လုံး (သို့) ၆ လုံး

• ဝက်သားပြားကြော် ၄ ပြား (သို့) ၆ ပြားခန့်
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
• ချိစ် ၁၅၀ ဂရမ် (အချောင်းလိုက် လှီးဖြတ်ထားပါ)
• ပါးပါးလှီးထားသော ငရုတ်ပွ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးတုံးများကို ငရုတ်ဆုံထဲ ထည့်ထောင်းနိုင်သလို အစားအစာများ မွှေသည့်စက်ထဲထည့်ကာ အာလူးထောင်းများရရှိအောင် ပြုလုပ်လိုက်ပါ။

၂။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် ဒယ်အိုးအကြီးတစ်လုံးကို အပူပေးပြီးနောက် အာလူးထောင်း၊ ရေနှင့် ထောပတ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ အာလူးနှင့် ထောပတ်များ အညီအမျှပျံ့နှံ့သွားတဲ့အခါမှာတော့ ချိစ်ချောင်း ၃ ပုံ ၂ ပုံခန့်ကို ဒယ်အိုးထဲထည့်လိုက်ပါ။ ထို့နောက် ကြက်ဥများ ဖောက်ထည့်ဖို့ရန်အတွက် အာလူးအနှစ်များကြားထဲမှာ အပေါက် ၄ ပေါက် (သို့) ၆ ပေါက်ခန့် ဖောက်ထားပေးလိုက်ပါ။ ထိုအပေါက်ထဲသို့ ကြက်ဥများ ဖောက်ထည့်ကာ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ဖြူးပေးလိုက်ပါ။ ထို့နောက် ကျန်ရှိနနေသော ချိစ်များ ဖြူးထည့်ပေးလိုက်ပါ။


၄။ ကြက်ဥများ ကြက်သွားဖို့ရန်အတွက် အာလူးအိုးတစ်ခုလုံးကို Oven ထဲမှာ ၁၂ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ထားရပါမယ်။ အချိန်ပြည့်တဲ့အခါမှာတော့ Oven ထဲက ထုတ်ပြီး ဝက်သားပြားနှင့် ကြက်သွန်မြိတ်များ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အာလူးထောင်း ကြက်ဥ Half-Fried ဟင်းပွဲတစ်ပွဲရရှိသွားပါပြီ။ ထမင်းနဲ့အတူ အရသာရှိရှိစားသုံးလိုက်ပါ။

Source: Tablespoon.com