အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ ကြက်သား ဖက်ထုပ်စွပ်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် အကြီး ၁ တုံး
  • မုန်လာဥနီ ၁ လုံး
  • ကြက်သွန်နီ ၁ ဥ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • အာလူး ၃ လုံး (အခွံခွာပြီး အနေတော်အတုံး တုံးထားပါ)

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နံနံပင် အနည်းငယ်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Cheddar ချိစ် ၄ အောင်စ (ခြစ်ပြားခြင့် ခြစ်ချထားပါ)

  • ကြက်ဥ ၂ လုံး
  • ဆား အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဂျုံမှုန့် ၁၂ အောင်စ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ကြက်ပေါင်တုံးနှင့် ရေထည့်ပါ။ ထို့နောက် ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၂။ ကြက်သားပြုတ်နေစဉ်မှာ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် သံလွင်ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီနှင့် မုန်လာဥနီတို့ ရောမွှေကာ ၅ မိနစ်၊ ၇ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဖက်ထုပ် ပြုလုပ်ဖို့အတွက် ပြင်ဆင်ရပါမယ်။

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ချိစ်၊ ကြက်ဥ၊ ဆားနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ သမအအောင် မွှေပါ။ ထို့နောက် ဆန်ခါတစ်ခုအသုံးပြုပြီး ဂျုံမှုန့်ထည့်ကာ ဂျုံမှုန့်များကို ပန်းကန်လုံးထဲသို့ စစ်ချလိုက်ပါ။ ပြီးရင်တော့ သမအောင် ရောနယ်လိုက်ပါ။

၄။ ထို့နောက် ကြက်သားပြုတ်အိုးထဲသို့ အာလူး၊ မုန်လာနီ ကြက်သွန်ရောကြော်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ ၁၀ မိနစ်ခန့် တည်ပါ။

၅။ ထို့နောက် ကြက်သားတုံးကို ဆယ်ယူပြီး အသားများ နွှင်ထားပါ။ ထို့နောက် အိုးထဲသို့ ပြန်ထည့်ပါ။

၆။ ထို့နောက် ဖက်ထုပ်အနှစ်များကို ဇွန်းနှစ်ချောင်း အသုံးပြုပြီး ခပ်ထုပ်ပါ။ ထို့နောက် စွပ်ပြုတ်အိုးထဲသို့ ထည့်လိုက်ပါ။ ဖက်ထုပ်အနှစ်များ ကုန်သွားသည်အထိ ပြုလုပ်ပေးလိုက်ပါ။

၇။ (၂) မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။ ထို့နောက် မီးပိတ်ကာ မီးဖိုပေါ်တွင် ၁၀ မိနစ်ခန့် တင်ထားလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သား ဖက်ထုပ်စွပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Cooktoria.com