အားလုံးပဲ မင်္ဂလာပါ။ မြေအိုးတစ်လုံးရှိရုံနဲ့ အရသာရှိတဲ့ ကြက်သားမြေအိုးထမင်းကို မိမိအိမ်မှာပဲ လွယ်လွယ်ကူကူချက်စားနိုင်တာကြောင့် အားလပ်ရက်လေးမှာ မိမိဘာသာချက်စားနိုင်ဖို့အတွက် အခုပဲလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြွက်နားရွက်မှိုနှင့် မှိုခြောက်ပန်းခြောက် လက်တစ်ဆုပ်စာခန့်)
  • ကြက်ပေါင် ၃ ပေါင်နှင့် ကြက်တောင်ပံ ၃ ခု
  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်စီ
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆန် နို့ဆီဘူး ၄ ပုံ ၁ ပုံနှင့် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
  • ဂျင်း ၁ ပြား (အချောင်းလိုက် ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုခြောက်ပန်းခြောက်နှင့် ကြွက်နားရွက်မှိုတို့ကို တစ်နာရီခန့် ရေစိမ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်ပါက ရေထဲမှ ဆယ်ယူပြီး ကြက်သား၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်၊ ပြောင်းမှုန့်၊ နှမ်းဆီ၊ ဟင်းချက်ဝိုင်၊ ခရုဆီနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၃။ ဆန်ကို ရေဖြင့် စင်ကြယ်အောင်ဆေးပြီးနောက် မြေအိုးထဲထည့်ကာ ကြက်ပြုတ်ရည်၊ ဆား၊ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင်ရောမွှေထားလိုက်ပါ။ ထို့နောက် စောစောက ရောနယ်ထားသော ကြက်သားနှင့် မှိုခြောက်ပန်းခြောက်များကို ထမင်းနဲ့အတူ ရောဂါထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၄။ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ မြေအိုးအဖုံးပိတ်ပြီးနောက် မီးပြင်းပြင်းဖြင့် ၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ထို့နောက် မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ကာ နောက်ထပ် ၂၅ မိနစ်ခန့် တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အနံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ ကြက်သားမြေအိုးထမင်းလေး ရရှိသွားပါပြီ။

အရသာရှိရှိနဲ့ အားရပါးရသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com