အားလုံးပဲမင်္ဂလာပါနော်။ လူအများစု ကြိုက်ကြပြီး နှစ်သက်စွာ စားသုံးကြတဲ့ ကြက်သား ဒန်ပေါက် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံ (သို့) ကြက်ပေါင် ၃ ခု
  • ထမင်း ၃ လုံး
  • ကြက်သွန်နီ
  • ကရဝေးရွက်
  • သစ်ကြမ်းပိုးခေါက်

  • ဒိန်ချဉ်
  • နံနံမှုန့်၊ ကြက်သွန်ဖြူထောင်း အနည်းငယ်
  • ခရမ်းချဉ်သီး အနှစ် အနည်းငယ်
  • ဖာလာ အနည်းငယ်
  • နွားနို့ အနည်းငယ်

အနှစ်အတွက်

  • ငရုတ်သီးမှုန့် အနည်းငယ်
  • ဒိန်ချဉ် အနည်းငယ်
  • မာဆလာ အနည်းငယ်
  • အရောင်တင်မှုန့်
  • (ကုံကုမံ) Saffron အနည်းငယ်

  • ဂျင်း အနည်းငယ်
  • ငရုတ်သီးစိမ်းအနည်းငယ်
  • ခရမ်းချဉ်သီး အနည်းငယ် (လှီးထားပါ)
  • ဆီ

Source: Healthyliving from Nature – NatureLoC

  • စပျစ်သီးအခြောက်
  • သီဟိုဠ်စေ့အနည်းငယ်
  • ဆား
  • အချိုမှုန့်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို ရေသေချာဆေးလိုက်ပါ။ ဆား အချိုမှုန့် မာဆလာ သစ်ကြမ်းပိုးခေါက် ကရဝေးရွက် ဖာလာစေ့ ဒိန်ချဉ် အရောင်တင်မှုန့် တို့ကိုနယ်ပေးလိုက်ပြီး မချက်ခင် ရေခဲသေတ္တာထဲထည့်ကာ ၁ နာရီလောက် နှပ်ထားပါ။

(ကုံကုမံ) Saffron နဲ့ နွားနို့နဲ့ စိမ်ထားလိုက်ပါ။ အရည်ကိုပဲ သတ်သတ်ထားထားလိုက်ပါ။

ဆန် ၃ လုံးလောက်ကို ရေဆေးပြီး သစ်ကြမ်းပိုးခေါက်၊ ကရဝေးရွက်၊ စပျစ်ခြောက် ၊ သီဟိုဠ်စေ့တို့နဲ့ အတူ ဆားထည့်ပြီး ပေါင်းလိုက်ပါ။

ဒယ်အိုး ၁လုံးထဲမှာ ဆီ ထည့်ပြီး နနွင်းထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီ ၊ ဖြူ ကို ကြော်ပါတယ်။

ပြီးရင်တော့ ဆီနဲ့ ကြက်သားကိုထည့် ကြက်သွန်ကြော်ထည့်ပြီး မီးအေးအေးနဲ့လုံးထားပါ။ ရေမကျန်အောင် ချက်လိုက်ပါ။

ထမင်းကျက်ရင် အိုးကြီးကြီးထဲမှာ ထမင်းထည့်လိုက်ပြီး Saffron နဲ့ နို့ စိမ်ထားတာကို ထည့်လိုက်ပါ။ အရောင်လေးထွက်လာပါလိမ့်မယ်။ (တကယ်လို့ (ကုံကုမံ) Saffron မရှိရင် Yellow Color တို့လို ထမင်းကို အရောင်ထွက်စေတဲ့ ပါဝင်ပစ္စည်းတွေသုံးနိုင်ပါတယ်။) ပြီးရင်သေချာမွှေပေးလိုက်ပြီး ကြက်သား ထည့်လိုက်ပါ။ ထမင်းအဖြူ လည်း ထပ်ထည့်ပါ။  မီးအေးအေးနဲ့ သည်ထားလိုက်ပြီး ထမင်းခပ်တဲ့ဇွန်းနဲ့ ဖွဖွလေး မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ ကြက်သားဒန်ပေါက်ရပါပြီနော်။

မိမိနှစ်သက်ရာ အချဉ်ဟင်းရည်နဲ့ သုံးဆောင်နိုင်ပါတယ်။

By: MyFood Myanmar