အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့ ဟင်းရွက်နဲ့ အသားရောကြော်ဟင်းလျာကို စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ အရသာထူးကဲကောင်းမွနတဲ့ ကြက်သား ပန်းဂေါ်ဖီစိမ်းမွှေကြော်ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၂ တုံး
  • ပန်းဂေါ်ဖီစိမ်း ၁ ပွင့်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ၁ လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးတောင့် ၁ တောင့်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖ်ကရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ပေါင်တုံးကို အနေတော်အတုံးဖြစ်သွားအောင် တုံးလိုက်ပါ။

ထို့နောက် ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ဖြင့် သမအောင် နယ်ဖတ်ထားလိုက်ပါ။

၂။  ပန်းဂေါ်ဖီစိမ်းကိုလည်း အနေတော် လှီးဖြတ်ထားပါ။

၃။ အိုးတစ်လုံးထဲတွင် ရေအပြည့်ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ရေနွေးဆူလာပါက ပန်းဂေါ်ဖီစိမ်းများထည့်ကာ ၂ မိနစ်ခန့် တည်ထားလိုက်ပါ။ ထို့နောက် ပန်းဂေါ်ဖီပွင့်များကို ဆယ်ယူလိုက်ပါ။

၄။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူနှင့် ဂျင်းအဖတ်တို့ကို ဆယ်ယူပြီး ဆီကိုတော့ အိုးထဲမှာပဲ ချန်ထားလိုက်ပါ။

၅။ ကြက်သားတုံးများထည့်ပြီး ကြက်သားအရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ငရုတ်သီးတောင့်၊ ပန်းဂေါ်ဖီစိမ်းနှင့် ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး သမအောင် ရောကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သား ပန်းဂေါ်ဖီစိမ်းမွှေကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com