အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဘာဘီကျူး ကြက်သားကင် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၄၅၀ ဂရမ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • Sprite အချိုရည် (သို့) ဆိုဒါ အချိုရည် တစ်မျိုးမျိုး စားပွဲတင်ဇွန်း ၄ ဇွန်း

  • ပါးပါးလှီးထားေးသာ ကြက်သွန်ဖြူ စားပွဲတင်ဇွန်းတစ်ဝက်
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို အနေတော် အတုံး တုံးထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ သကြားညို၊ ဆန်ဝိုင်၊ Sprite ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

ရရှိလာတဲ့ ပဲငံပြာရည်အရောအနှောများကို ကြက်သားပေါ် လောင်းချပြီးနောက် သမအောင် နယ်ပါ။ ထို့နောက် အဖုံးအုပ်ထားကာ ၄ နာရီ (သို့) တစ်ညခန့် စိမ်ထားလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပါ။ ကြက်သားတုံးများ (ပဲငံပြာရည်အရောအနှောမပါစေဘဲ) ကို ခပ်ယူကာ ဒယ်အိုးထဲထည့်ပါ။ ထို့နောက် ကြက်သားများ ကျက်သွားသည်အထိ ကင်ပေးလိုက်ပါ။

ကြက်သားကင်နေစဉ်အတောအတွင်းမှာ အခြားဒယ်အိုးကို အပူပေးပြီးနောက် ကျန်ရှိနေသော ပဲငံပြာရည်အရောအနှောများကို အရည်များ ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။

၄။ ရရှိလာတဲ့ ကြက်သားကင်များကို ပန်းကန်ပြားထဲထည့်ပါ။ ထို့နောက် ပဲငံပြာရည်ဆော့စ်ကို ကြက်သားပေါ်သို့ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဘာဘီကျူးကြက်သားကင်လေး ရရှိသွားပါပြီ။

Source: Mykoreankitchen.com