ကြက်သားဟင်း အစပ်ချက် မစားနိုင်သူများအတွက် ဒီတစ်ခါမှာတော့ ပဲလုံးနဲ့ ရောချက်ထားတဲ့ ကြက်သားအချိုချက် ချက်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးနှင့် အရေခွံမပါသော ကြက်ရင်အုံသား ၁ ပေါင်ခန့် (တစ်တုံးကို ၃ ပိုင်း၊ ၄ ပိုင်းစီ တုံးထားပါ)
  • နနွင်းမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ လုံး (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်ပြုတ်ရည် ၂ ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲလုံး ပန်းကန်လုံးအသေး ၁ ခွက်စာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ဆား၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ အညိုဖျော့ရောင်ပြောင်းသွားသည်အထိ (၈၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ) မွှေကြော်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ကြက်သွန်နီ ထည့်ကာ ပျော့သွားသည်အထိ မွှေပါ။ ဂျင်း၊ ကြက်သွန်ဖြူနှင့် နနွင်းမှုန့် အနည်းငယ်ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၄။ ထို့နောက် ကြက်ပြုတ်ရည်နှင့် ပြောင်းမှုန့်တို့ထည့်ကာ အရည်ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။

ဟင်းရည် ပျစ်သွားပါက ကြက်သားနှင့် ပဲလုံးများ ထည့်ကာ ကြက်သား ကျက်သွားသည်အထိ တည်ထားပါ။

ကြက်သားလည်း ကျက်သွားပြီ ဟင်းရည်လည်း ခမ်းသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ပဲလုံးနဲ့ ရောချက်ထားတဲ့ ကြက်သားအချိုချက်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Onceuponachef.com