အားလုံးပဲမင်္ဂလာပါနော်။ ကြက်ခြေထောက်သုပ်လေးလုပ်စားဖို့ စိတ်ကူးနေတဲ့သူတွေအတွက် ကြက်ခြေထောက်သုပ်လုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ခြေထောက်
  • ပုစွန်ခြောက်
  • မန်ကျည်းရည်
  • ငရုတ်သီး
  • ကြက်သွန်မြိတ်
  • ကြက်သွန်နီ
  • စပါးလင်
  • နံနံပင်
  • ပူစီနံ
  • ငရုတ်ပွသီး
  • သံပယိုသီး
  • ဆား
  • ဟင်းခတ်မှုန့်

ပြုလုပ်နည်း

အရင်ဆုံး ကြက်ခြေထောက်ကို နူးနေအောင် ပြုတ်လိုက်ပါ။

ပြီးရင် အရိုးနွှင်လိုက်ပါ။

ကျန်တဲ့ အသီးအရွက်တွေကို လှီးချွတ်ပြီး ရေသေချာဆေးထားပါ။

အဲဒီနောက် ကြက်ခြေထောက်နဲ့ ရောလိုက်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျဉ်းရည် ၊ ပုစွန်ခြောက်ထောင်းတို့ကို ထည့်လိုက်ပြီး သုပ်ပေးလိုက်ပါ။

သေချာ နှံ့စပ်အောင် သုပ်ပေးပြီးရင် သုံးဆောင်လို့ရပါပြီနော်။

Source: www.padaek.com

By: MyFood Myanmar