အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် လျှာလည်သွားစေမယ့် ကြက်သားထမင်းကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
  • ငရုတ်ပွအနီ ၁ လုံး (အစေ့များ ဖယ်ထုတ်ပြီး ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • ပဲလုံးစိမ်း ၁၁၅ ဂရမ်

  • ကြက်သား ၂၅၀ ဂရမ် (ပြုတ်ထားပြီး အသားနွှင်ထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • ကြက်ဥ ၂ လုံး
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သံပုယိုသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)
  • အလှဆင်ရန် ပါးပါးလှီးထားသော နံနံပင်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ၅ မိနစ်ခန့် ဆီသတ်ပါ။

၂။ ကျန်ရှိနေသော ဟင်းသီးဟင်းရွက်ဆီများ ထည့်ပြီးနောက် ငရုတ်ပွ၊ ကြက်သွန်ဖြူနှင့် ပဲလုံးစိမ်းများထည့်ကာ ၂ မိနစ်ခန့် မွှေဗကြာ်ပါ။

၃။ ထို့နောက် ကြက်သားနှင့် နှမ်းဆီတို့ထည့်ပြီး သမအောင် ရောကြော်ပါ။ ထမင်းထည့်ကာ မီးအပူချိန်ကို မြှင့်လိုကပါ။

၄။ ထမင်းထည့်ပြီးနောက် ၅ မိနစ်ခန့် မွှေကြော်ပြီးတဲ့အခါ ထမင်းများကို ဒယ်အိုးတစ်ဖက်ခြမ်းသို့ ရွေ့ထားပါ။ နေရာလွတ်နေသော ဒယ်အိုးထဲသို့ ကြက်ဥ ၂ လုံးဖောက်ထည့်ပါ။ ကြက်ဥပေါ်သို့ ပဲငံပြာရည် ၂ စက်ခန့် ထည့်ပါ။

၅။ ကြက်ဥများ မကျက်တကျက်အချိန်မှာ ရောမွှေပေးလိုက်ပါ။ ထို့နောက် ထမင်းနဲ့ ကြက်ဥများကို သမအောင် ကြော်ပါ။ ကျန်ရှိနေသော ပဲငံပြာရည်များ လောင်းထည့်လိုက်ပါ။ ဆားအနည်းငယ်ထည့်ကာ သမအောင် မွှေပါ။

၆။ သံပုယိုရည်ထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားထမင်းကြော်များ ရရှိသွားပါပြီ။ ပန်းကန်လုံး ၄ လုံးထဲ အညီအမျှခွဲထည့်ပြီးနောက် ကြက်သွန်မြိတ်လေးများ ဖြူးထည့်လိုက်ပါ။

Source: Kitchensanctuary.com