အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဂျပန်လူမျိုးများရဲ့ဟင်းလျာတစ်မျိုးဖြစ်တဲ့ ကြက်သားပြားကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင်
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • ဂျုံမှုန့် ၆၀ ဂရမ်
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • ပေါင်မုန့်အကြေအစများ ၂၄၀ ဂရမ်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံ တစ်တုံးဆီကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ကာ ပဲငံပြာရည်၊ ဆန်ဝိုင်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ အဖုံးအုပ်ထားပြီးနောက် ၁၅ မိနစ်မှ ၄ နာရီအထိ နှပ်ထားလိုက်ပါ။ အချိန်ကြာကြာနှပ်ထားမယ်ဆိုပါက ရေခဲသေတ္တာထဲ ထည့်ထားရပါမယ်။

၂။ သတ်မှတ်ချိန်ပြည့်သွားပါက ကြက်သားကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဂျုံမှုန့်တို့ဖြင့် သမအောင် ထပ်နယ်ပေးလိုက်ပါ။

၃။ မွှေခလောက်ထားသော ကြက်ဥများကို ကြက်သားနှပ်ထားသော ပဲငံပြာရည်အရောအနှောနှင့် ရောနှောပြီးနောက် ကြက်သားကို ထိုအရည်ထဲ ထည့်နှစ်လိုက်ပါ။

၄။ ပေါင်မုန့်အကြေအစများကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောမွှေပါ။ ကြက်သားတုံးကို ပေါင်မုန့်ဖြင့် ကပ်လိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ ကြက်သားက ရွှေညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

၆။ ကြော်ပြီးသား ကြက်သားတုံးများကို အနေတော် အတုံးတုံးကာ ထမင်းနဲ့အတူတူ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com