အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားကြော်ကို အရသာအသစ်တစ်မျိုးနဲ့ မြည်းစမ်းကြည့်လို့ရမယ့် ဟင်းချက်နည်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် နို့ဆီဘူး ၄ ပုံ ၁ ပုံ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်နီ ၃ ပင် (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆားအနည်းငယ်

  • ကြက်သား ၅၇၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • သံပုယိုသီး ၂ လုံး (အရည်ညှစ်ထားပါ)
  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
  • နံနံပင် တစ်စည်း (ပါးပါးလှီးထားပါ)နှင့် ဆလပ်ရွက်အနည်းငယ်
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူချိန်အေးအေးဖြင့် အပူပေးပြီးနောက် ကောက်ညှင်းဆန်ကို ၁၀ မိနစ်ခန့် လှော်ပေးလိုက်ပါ။ လှော်ပြီးသော ကောက်ညှင်းဆန်ကို ငရုတ်ဆံထဲထည့်ကာ ညှက်နေအောင် ထောင်းထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ဆယ်ထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အမြင့်ဆုံးအပူချိန်ပေးထားပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ တစ်ဝက်ခန့်ကို အိုးထဲထည့်ကာ ဆီသတ်ပါ။ ကြက်သွန်နီ ကြွပ်သွားတဲ့အချိန်မှာတော့ ကြက်သွန်နီဖတ်များကို ဆယ်ယူလိုက်ပြီး ဒယ်အိုးထဲတွင် ဆီ ထားခဲ့လိုက်ပါ။

၃။ ထိုဒယ်အိုးထဲသို့ ကြက်သားထည့်ကာ ကြက်သားများ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ သကြား၊ ငါးငံပြာရည်နှင့် သံပုယိုရည်ထည့်ကာ မွှေကြော်ပေးလိုက်ပါ။

၄။ တစ်မိနစ်ခန့် ကြော်ပြီးသွားတဲ့အခါမှာတော့ ကောက်ညှင်းဆန်မှုန့်၊ ငရုတ်သီး၊ ကျန်ရှိနေသော ကြက်သွန်နီတစ်ဝက်၊ နံနံပင်နှင့် ပင်စိမ်းရွက်တို့ထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ဆားထပ်ထည့်နိုင်ပါတယ်။

၅။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကောက်ညှင်းမှုန့် ကြက်သားမွှေကြော်လေး ရရှိသွားပါပြီ။ ဆလပ်ရွက်ထဲတွင် အစီအရီထည့်ထားကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com