အားလုံးပဲ မင်္ဂလာပါ။ မိုးအေးအေးလေးမှာ ခေါက်ဆွဲပြုတ် ပူပူနွေးနွေးလေး စားရတဲ့အရသာလောက် ထူးကဲ ကောင်းမွန်တဲ့အရသာ ကမ္ဘာပေါ်မှာ မရှိသေးဘူးနဲ့ တူတယ်နော်။
မိုးလေးဖွဲလာပြီဆိုတာနဲ့ မိုးအေးအေးလေးနဲ့ အရသာရှိရှိ စားသုံးနိုင်မယ့် ကြက်သားခေါက်ဆွဲပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်အုံသား ၃၀၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
- ခေါက်ဆွဲ ၂၅၀ ဂရမ်
- မုန်ညှင်းရွက် (သို့) ကန်စွန်းရွက်
- ပြောင်းဖူးအနည်းငယ်
- ကြက်သွန်နီ ၂ မြွှာ (ထုထောင်းထားပါ)
- ကြက်ဥပြုတ် ၄ လုံး
- ကြက်သွန်မြိတ် အနည်းငယ် (ပါးပါးလှီးထားပါ)
- ခရမ်းချဉ်သီး ၁ လုံးနှင့် ငရုတ်သီး ၁ တောင့် (အနေတော် လှီးဖြတ်ထားပါ)
- ဆားနှင့် ရေ အနည်းငယ်
- ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးထဲ ဆီထည့်ကာ အပူပေးလိုက်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ငရုတ်သီးတို့ထည့်ပြီး ဆီသတ်လိုက်ပါ။
၂။ ကြက်သားထည့်ကြော်လိုက်ပါ။
၃။ ကြက်သား မကျက်တကျက်အချိန်မှာ ပြောင်းဖူးထည့်ကြော်လိုက်ပါ။
၄။ ပြောင်းဖူးရော ကြက်သားရော ကျက်သွားပါက ရေ ၇၂၀ မီလီလီတာထည့်ကာ ဆားထည့်ပြီး ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။
၅။ ထိုရေ ဆူပွက်လာသည်အထိ စောင့်နေတဲ့အချိန်မှာ အခြားအိုးတစ်လုံးထဲတွင် ရေထည့်ပြီး ခေါက်ဆွဲပြုတ်လိုက်ပါ။ ထို့နောက် ခေါက်ဆွဲဖတ်များကို ဆယ်ယူလိုက်ပြီးနောက် ကြက်သားအိုးထဲ ထည့်ပြုတ်လိုက်လို့ရပါပြီ။
၆။ မီးပိတ်ခါနီးကျမှ မုန်ညှင်းရွက် (သို့) ကန်စွန်းရွက်တို့ကို ထည့်ပြုတ်လိုက်ပါ။
ထို့နောက် ပန်းကန်ထဲ ပြောင်းထည့်ကာ ကြက်ဥပြုတ်နှင့် ကြက်သွန်မြိတ်တို့ ထပ်ထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Source: arieskitchen.net