အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ကြက်ကြော်ချစ်သူတွေ အကြိုက်တွေ့သွားမယ့် ကြက်သားပြားကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူအမှုန့်နှင့် ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဟင်းရွက်ဆီ အနည်းငယ်

ပြုုလုပ်နည်း အဆင့်ဆင့်

၁။ နုပ်နုပ်စဉ်းထားသော ကြက်သားများကို ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဂျုံမှုန့်နှင့် ပြောင်းမှုန့်တို့ကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ဖြင့် သမအောင် ရောမွှေဌားလိုက်ပါ။

၃။ နယ်ထားသော ကြက်သားများကို စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့် ခပ်ထုတ်ပြီး ကြက်သားလုံး လုံးလိုက်ပါ။ ထို့နောက် ဂျုံမှုန့်အရောအနှောဖြင့် ကပ်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ တစ်ဖန် ဂျုံမှုန့်ဖြင့် ပြန်ကပ်ပေးရပါမယ်။

၄။ ရရှိလာတဲ့ ကြက်သားလုံးများကို ပြားနေအောင် ဖိလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားပြားများထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

ကြက်သားပြားများ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပြီးတဲ့နောက်မှာ ဆီပူထဲက ဆယ်ယူလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားပြားကြော်များကို မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Jocooks.com