အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော် ကြော်စားရတာ ရိုးအီနေပြီဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ချိစ်၊ ကြက်သားနှင့် ဟင်းနုနွယ်စတဲ့ ပါဝင်ပစ္စည်း (၃) မျိုးနဲ့ အဓိကကြော်ထားတဲ့ ကြက်ဥကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၄ လုံး (မွှေခလောက်ထားပါ)
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သားပြုတ် အနည်းငယ် (အသားများ နွှင်ထားပါ)
  • ချိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဟင်းနုနွယ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၄ လုံးကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး ခပ်ပြင်းပြင်းလေး မွှေခလောက်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ထို့နောက် ကြက်ဥထည့်ကြော်လိုက်ပါ။

၃။ နွှင်ထားသော ကြက်သားများကို Microwave ထဲ ထည့်ကာ အပူပေးပါ (သို့မဟုတ်) ဒယ်အိုးထဲထည့်ပြီးလည်း အပူပေးနိုင်ပါတယ်။ ပူနွေးလာသော ကြက်သားများကို ကြက်ဥကြော်ပေါ်တွင် တစ်ခြမ်းတိတိတင်ပေးလိုက်ပါ။ ထို့နောက် ချိစ်နှင့် ဟင်းနုနွယ်တို့ ထပ်ပေါင်းထည့်ပေးရပါမယ်။ စက္ကန့် ၃၀ ခန့် အပူပေးထားရပါမယ်။

၄။ စက္ကန့် ၃၀ ပြည့်ပါက ကြက်ဥကို ကြက်သားပေါ်သို့ လိပ်တင်လိုက်ပါ။ ထို့နောက် ချိစ်များ အရည်ပျော်သွားဖို့ရန်အတွက် နောက်ထပ် စက္ကန့် ၃၀ ခန့် ထပ်စောင့်ပေးရပါမယ်။

အချိန်ပြည့်သွားတဲ့အခါမှာတော့ စားချင်စဖွယ်အပြည့်ရှိတဲ့ ချိစ်ကြက်သားညှပ် ကြက်ဥကြော်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com