အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ စကားလေးအတိုင်းပဲ ကျန်းမာရေးနဲ့ ညီညွှတ်ဖို့အတွက် ရေဓာတ် ၉၅ ရာခိုင်နှုန်းခန့် ပါဝင်တဲ့ခရမ်းချဉ်သီးနဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သားကို အရသာရှိရှိ ဘယ်လိုရောချက်မလဲဆိုတဲ့ ဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃ ပေါင်ခွဲခန့်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး ၂ လုံး (ပါးပါးလှီးထားပါ)

  • မှို ၄ အောင်စခန့် (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ရွှေညိုရောင် သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။

၂။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ဒယ်အိုးထဲထည့်ပြီး ကြက်သားနှင့်အတူ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ခရမ်းချဉ်သီး၊ မှို၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးအဖုံး ဖုံးကာ မီးအေးအေးဖြင့် မိနစ် ၃၀၊ မိနစ် ၄၀ ခန့် တည်ထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ ကြက်သားများ နူးအိသွားသလားဆိုတာကို စမ်းသပ်ကြည့်လိုက်ပါ။ ကြက်သားက နူးအိသွားပြီဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ကြက်သားဟင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ စားသုံးလိုက်ပါ။

တကယ်လို့ စာဖတ်သူအနေနဲ့ နံနံပင် ကြိုက်နှစ်သက်တယ်ဆိုရင်တော့ စားခါနီးကျမှ ကြက်သားဟင်းပေါ်သို့ နံနံပင်အနည်းငယ် ဖြူးကာ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com