အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ မုန့်နှစ် သေချာစပ်ဖျော်ကာ နယ်ထားတဲ့ ကြက်သားကြွပ်ကြော်ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁.၁ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးအစိမ်းတောင့် ၁ တောင့် (ပါးပါးလှီးထားပါ)
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းသီးဟင်းရွက်ဆီ
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဂျုံမှုန့် ၁၀၀ ဂရမ်နှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားများကို ပန်းကန်လုံးအကြီးထဲ ထည့်ထားပါ။ ထို့နောက် ဂျင်း၊ ငရုတ်သီးတောင့်၊ ဇီရာမှုန့်၊ နံနံပင်၊ ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။

ကြက်သားတုံးများကို ရေခဲသေတ္တာထဲမှ ထုတ်ပြီးနောက် ဆား၊ ကြက်သွန်ဖြူ၊ ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ဆိုဒါတို့ဖြင့် သမအောင် ရောနယ်လိုက်ပါ။ ရေ နည်းနည်းချင်းစီထည့်ပြီး မုန့်နှစ်များဖြစ်သွားအောင် နယ်လိုက်ပါ။ (ရေအကုန်လုံး ထည့်စရာမလိုပါဘူး။)

၃။ ဆီပူလာပြီဆိုရင်တော့ ကြက်သားတုံးများကို ဆီပူထဲထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်လိုက်ပါ။

၄။ ကြက်သားများ အားလုံး ကြော်ပြီးတဲ့အခါမှာတော့ ပန်းကန်ထဲ ပြောင်းထည့်ကာ နံနံပင်အနည်းငယ် ဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားကြွပ်ကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Kitchensanctuary.com