တချို့တွေက အမြည်းစားရင် ကောင်းကောင်းလေးလုပ်စားချင်ကြပါတယ်။ ဒါကြောင့် အမြည်းကောင်းကောင်းလေးလုပ်စားချင်သူတွေအတွက် ကြက်သားကိုပျားရည်နဲ့ကြော်စားလို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ သူငယ်ချင်းတွေနဲ့ တူတူစားဖို့အတွက်ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ စားသောက်ဖို့အတွက်လည်း လုပ်စားလို့ရပါသေးတယ်။

ကြက်သားကိုပျားရည်နဲ့ အရသာရှိရှိလေးကြော်စားနိုင်ဖို့ အရင်ဆုံး ကြက်ရင်အုံသား – ၂ ခုကို အတုံးသေးလေးတွေလှီးပေးပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြောင်းထည့်ပြီး ပန်းကန်ထဲကို ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ထည့်ပြီးနယ်ပါ။

နယ်ထားတဲ့ကြက်သားတုံးတွေကို ဂျုံမှုန့်ပန်းကန်ထဲထည့်နယ်ပြီး ကြက်ဥခလောက်ထားတဲ့ပန်းကန်ထဲ ထည့်စိမ်ပါ။ ပြီးရင်တော့ ဂျုံမှုန့်နဲ့ ထပ်နယ်ပါ။ ပြီးရင် ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးထဲကို ပျားရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာထည့်ပြီး ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပါ။ ပြီးတာနဲ့ ဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငရုပ်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ငရုပ်သီးအရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကိုထည့်ပြီး မွှေပေးပါ။

ပွက်ပွက်ဆူလာပြီဆိုမှ ကြော်ထားတဲ့ကြက်သားတွေကို ထည့်ကြော်ပေးပါ။ အရည်ခမ်းပြီဆိုရင်တော့ ကြက်သားတွေကို ခူးထုတ်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ကြက်သားကိုပျားရည်နဲ့ ကြော်ထားတာလေး ရသွားပြီဖြစ်လို့ အချဉ်နဲ့တို့စားနိုင်ပါပြီ။ အမြည်းလေးလည်းလုပ်စားလို့ရပါပြီ။ ပျားရည်အရသာလေးလည်းရသလို စပ်စပ်လေးနဲ့လည်း အရသာရှိပြီး စားလို့ကောင်းနေမှာ သေချာပါတယ်။

Photo Source: www.tasty.com