အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခေါက်ဆွဲကြော် ကြိုက်နှစ်သက်သူများအတွက် ကြက်သားအရသာ ခေါက်ဆွဲကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲခြောက် ၉ အောင်စ
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ရင်အုံသား ၂ တုံး (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ပွအနီ တစ်လုံး (ပါးပါးလှီးပါ)

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • မုန်ညှင်းထုပ် ပန်းကန်လုံး ၂ လုံးစာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် ပန်းကန်လုံးတစ်ဝက်စာ
  • နှမ်းဆီ အနည်းငယ်

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခေါက်ဆွဲခြောက်များကို နူးအိနေအောင် ရေနွေးဖြင့် ပြုတ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးတွင် ပဲငံပြာရည်၊ ခရုဆီ၊ နှမ်းဆီနှင့် ပျားရည်တို့ကို သမအောင် ရောမွှေဌားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်သားများထည့်ပါ။ ငရုတ်ကောင်းမှုန့်ဖြူးပြီး အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ငရုတ်ကောင်းမှုန့်ဖြူးပြီး ကျက်သွားသည်အထိ ကြော်ပါ။

၄။ ထို့နောက် ပါးပါးလှီးထားသော ငရုတ်ပွများထည့်ကာ ၃ မိနစ်ခန့်ကြော်ပါ။ ထို့နောက် ကြက်သွန်ဖြူများ ထည့်ကာ သမအောင် မွှေကြော်ပါ။ မုန်ညှင်းထုပ်များထည့်ကာ ၂ မိနစ်ခန့် ရောကြော်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ခေါက်ဆွဲများထည့်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ပဲငံပြာရည်အရောအနှောများ လောင်းထည့်လိုက်ပါ။ လိုအပ်ပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

သမအောင် မွှေကြော်ပြီးနောက်မှာတော့ အရသာအပေါ့အငန်မြည်းစမ်းကြည့်ပါ။

ထို့နောက် မီးဖိုပေါ်ကချကာ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား ခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။

Source: Jocooks.com