အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်းကို အုန်းနို့၊ စပျစ်သီးခြောက်နဲ့ ရောချက်တဲ့အခါ ဘယ်လိုထူးကဲတဲ့အရသာမျိုး မြည်းစမ်းကြည့်နိုင်မလဲဆိုတာကို မသိချင်ကြဘူးလား။

ဆွေမျိုးမေ့သွားစေမယ့်အရသာလား သာမန်အရသာပဲလားဆိုတာကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ အုန်းနို့ကြက်သားဟင်းရဲ့ ချက်ပြုတ်နည်းအဆင့်ဆင့်ကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ကီလိုဂရမ် (အနေတော် အတုံးတုံးထားပါ)
  • ကြက်သွန်မြိတ် ၉ ပင် (ပါးပါးလှီးဖြတ်ထားပါ)
  • ငရုတ်သီး ၁၅ တောင့် (အနေတော်လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၁၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ဂျင်း ၄၀ ဂရမ်နှင့် နနွင်းမှုန့် ၄၀ ဂရမ်

  • တရုတ်နံနံစေ့နှင့် ဇီရာစေ့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရှောက်ရွက် ၁၀ ရွက်ခန့်
  • အုန်းနို့ ၃၀၀ မီလီလီတာ
  • စပျစ်သီးခြောက် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး တရုတ်နံနံစေ့နှင့် ဇီရာစေ့တို့ကို ထည့်ကာလှော်ပေးလိုက်ပါ။ ထို့နောက် အအေးခံထားပြီးနောက် ဖျော်စက်ထဲထည့်လိုက်ပါ။ ထို့နောက် ပါးပါးလှီးထားသော ဂျင်း၊ နနွင်းမှုန့်၊ ပါးပါးလှီးထားသော ငရုတ်သီးတောင့်တို့ထည့်ပြီး အနှစ်များဖြစ်အောင် မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ငရုတ်နှစ်ကို ဒယ်အိုးထဲထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် အုန်းနို့၊ ရှောက်ရွက်တို့ထည့်ကာ ၁၀ မိနစ်ခန့် ဆီသတ်ပေးပါ။ ပြီးရင်တော့ ကြက်သားတုံးများထည့်ပြီး မိနစ် ၃၀ ခန့် ချက်ပေးရပါမယ်။

၃။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ထောပတ်ထည့်လိုက်ပါ။ ထောပတ်များ အရည်ပျော်သွားပါက စပျစ်သီးခြောက်များ ထည့်ကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ထဲသို့ ဆယ်ယူထားလိုက်ပါ။

၄။ ကြက်သားများ ကျက်ပါက ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် ကြက်သားပေါ်မှာ စပျစ်သီးခြောက်များ ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အုန်းနို့ကြက်သားချက်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Asianfoodchannel.com