အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဆူရှီကြိုက်နှစ်သက်သူများအတွက် ကြက်သား ကြက်ဆီထမင်းဆူရှီ ပြင်ဆင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၅၀၀ ဂရမ်
  • သခွားသီး ၁ လုံး
  • ကြက်ဆီထမင်းအနှစ် ၁ ထုပ်
  • ကြက်သွန်ဖြူ ၄ မြွှာ (အခွံခွာထားပါ)
  • ကြက်သွန်နီ ၄ ဥ (အခွံခွာပြီး ထက်ခြမ်း ခြမ်းထားပါ)

  • ဂျင်း ၄ ပြား
  • ဆန် ပန်းကန်လုံး ၂ လုံးစာ
  • ရေ ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေနွေးပူ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတိုပထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၂။ ထို့နောက် ဆန်၊ ကြက်ဆီထမင်းအနှစ်နှင့် ရေတို့ ထည့်ပါ။ အဖုံးအုပ်ထားပြီး ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၃။ ထမင်းကျက်သွားပြီဆိုရင်တော့ အဖုံး ဖွင့်ထားပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

၄။ အခြားဒယ်အိုးတစ်လုံးတွင် ရေထည့်ပြီး ကြက်ရင်အုံသား ထည့်ပြုတ်ပါ။

၄ မိနစ်၊ ၆ မိနစ်ခန့် တည်ပြီးသွားတဲ့အခါမှာတော့ ရေခဲရေထဲတွင် ကြက်သားပြုတ်များထည့်ကာ ၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

၅။ ထို့နောက် ဆူရှီပြုလုပ်ရန်အတွက် ထမင်းများကို ထောင့်မှန်စတုဂံပုံစံခွက်ထဲ ထည့်ကာ ထမင်းများ တင်းတင်းကြပ်ကြပ်ဖြစ်သွားအောင် ဖိပေးလိုက်ပါ။ ထမင်းများ အားလုံး ကုန်သွားသည်အထိ ပြုလုပ်ပေးလိုက်ပါ။

၆။ ကြက်သားပြုတ်ကိုတော့ ထမင်းနဲ့ အရွယ်အစားတူ လှီးဖြတ်ထားလိုက်ပါ။

၇။ ထို့နောက် ကြက်သားနဲ့ ထမင်းကို ပူးကပ်ပေးလိုက်ပါ။ သခွားသီးကို ပါးပါးမျှင်မျှင်လေး လှီးဖြတ်ပြီးနောက် ထမင်းနဲ့ ကြက်သားကို ပတ်ပေးလိုက်ပါ။

၈။ ဆော့စ်ပြုလုပ်ရန်အတွက် ပန်းကန်ပြားအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရေနွေးပူနှင့် နှမ်းဆီတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၉။ ရရှိလာတဲ့ ဆော့စ်ကို ကြက်သားဆူရှီပေါ် တင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဆီထမင်းဆူရှီလေး ရရှိသွားပါပြီ။

Source: Kitchenmisadventures.com