ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သားကို ဒီတစ်ခါမှာတော့ ဆိုးဆေး (လုံးဝ) မပါဝင်တဲ့ ငရုတ်သီးနှစ်နဲ့ အရသာရှိအောင် ဘယ်လိုချက်ပြုတ်ပြင်ဆင်မလဲ ဆိုတာကို MyFood Myanmar ရဲ့ စာဖတ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၄ တုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းရွက်ပြုတ်ရည် (သို့) ကြက်သားပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၁ ခြမ်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

  • ငရုတ်သီးတောင့် ၁၂ အောင်စ (မီးကင်ထားပါ)
  • အုန်းနို့ စားပွဲတင်ဇွန်း ၈ ဇွန်း နှင့် ချိစ် အနည်းငယ်
  • ဟင်းနုနွယ် လက်တစ်ဆုပ်စာခန့်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မီးကင်ထားသော ငရုတ်သီးတောင့်များကို ဓားဖြင့် နုပ်နုပ်စဉ်း၍သော်လည်းကောင်း၊ ဖျော်စက်ထဲထည့်၍သော်လည်းကောင်း အနှစ်များ ရသွားအောင် ပြုလုပ်ပါ။

၂။ ကြက်သားတုံးကို ဆား၊ ငရုတ်သီးမှုန့်တို့ဖြင့် နယ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၄ မိနစ်၊ ၅ မိနစ်ခန့် ဆက်ကြော်လိုက်ပါ။ ထို့နောက် ကြက်သားတုံးများကို ပန်းကန်ထဲသို့ ဆယ်ထားပါ။

၄။ ထိုဒယ်အိုးထဲသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်ပါ။ ထို့နောက် ဟင်းရွက်ပြုတ်ရည် (သို့) ကြက်သားပြုတ်ရည် ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ဟင်းရည်များ အရည်ပျော်သွားသည် တည်ပါ။

၅။ ပြီးရင်တော့ ငရုတ်နှစ်များထည့်ကာ ၇ မိနစ်၊ ၁၀ မိနစ်ခန့် တည်ပါ။

၆။ ထို့နောက် အုန်းနို့၊ ချိစ်အနည်းငယ်၊ ဟင်းနုနွယ်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၇။ ထို့နောက် ကြက်သားကြော်အတုံးများကို ဒယ်အိုးထဲထည့်ပါ။ ကြက်သားတုံးပေါ်သို့ ဆော့စ်များ ဆမ်းထည့်လိုက်ပါ။ ဆော့စ်များ ဆူပွက်လာသည်အထိ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ငရုတ်သီးဆော့စ် ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Cooktoria.com