(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းနဲ့ တွဲဖက်စားရင်လည်း လိုက်ဖက်မှုရှိသလို သူ့ချည်းပဲ စားမယ်ဆိုရင်လည်း အရသာရှိတဲ့ ကြက်သားဆာတေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် ၆၈၀ (ဂမ် (အရိုးနှင့် အရေခွံတို့ကို ဖယ်ပြီး အတုံးငယ် တုံးထားပါ)
- အုန်းနို့ ၆၀ မီလီလီတာ
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အကင်တုတ်ထိုးကို တစ်နာရီခန့် ရေစိမ်ထားပေးလိုက်ပါ။ ထိုကဲ့သို့ ရေစိမ်ထားခြင်းက အကင်တုတ်ထိုးများ မီးလောင်ကျွမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
၂။ ကြက်သားကို အုန်းနို့၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ငရုတ်သီးအနှစ်၊ သကြား၊ သံပုယိုရည်တို့ဖြင့် သမအောင် နယ်ဖတ်ပြီးတဲ့နောက်မှာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။ တစ်ညခန့် ထားထားမယ်ဆိုရင်တော့ ပိုမိုအရသာရှိပါတယ်။
၃။ ထိုကဲ့သို့ နှပ်ထားပြီးတဲ့နောက်မှာ ကြက်သားတုံးများကို အကင်တုတ်ထိုးထဲတွင် ထိုးထည့်ထားလိုက်ပါ။ တစ်ချောင်းကို ၄ တုံးမှ ၇ တုံးအထိ ထိုးထည့်နိုင်ပါတယ်။
၄။ ဒယ်အိုးအပြားကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုတ်ထိုးများထည့်ကာ ၁၀ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁၀ မိနစ် ထပ်ကင်ပေးလိုက်ပါ။ (သင့်အနေနဲ့ ဒယ်အိုးနဲ့ မကင်ချင်ဘဲ အကင်မီးဖိုဖြင့် ကင်ပေးမယ်ဆိုလည်း ရပါသေးတယ်။)
ဒါဆိုရင်တော့ ကြက်သားဆာတေးလေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။
Source: Thewoksoflife.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ထမင္းနဲ႔ တြဲဖက္စားရင္လည္း လိုက္ဖက္မႈရွိသလို သူ႔ခ်ည္းပဲ စားမယ္ဆိုရင္လည္း အရသာရွိတဲ့ ၾကက္သားဆာေတး ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ေပါင္ ၆၈၀ (ဂမ္ (အရိုးႏွင့္ အေရခြံတို႔ကို ဖယ္ၿပီး အတံုးငယ္ တံုးထားပါ)
- အုန္းႏို႔ ၆၀ မီလီလီတာ
- ငါးငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- ငရုတ္သီးအႏွစ္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- သၾကား လက္ဖက္ရည္ဇြန္း တစ္ဝက္
- သံပုယိုရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အကင္တုတ္ထိုးကို တစ္နာရီခန္႔ ေရစိမ္ထားေပးလိုက္ပါ။ ထိုကဲ့သုိ႔ ေရစိမ္ထားျခင္းက အကင္တုတ္ထိုးမ်ား မီးေလာင္ကြ်မ္းျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။
၂။ ၾကက္သားကို အုန္းႏို႔၊ ငါးငံျပာရည္၊ ပဲငံျပာရည္၊ ငရုတ္သီးအႏွစ္၊ သၾကား၊ သံပုယိုရည္တို႔ျဖင့္ သမေအာင္ နယ္ဖတ္ၿပီးတဲ့ေနာက္မွာ မိနစ္ ၃၀ ခန္႔ ႏွပ္ထားလိုက္ပါ။ တစ္ညခန္႔ ထားထားမယ္ဆိုရင္ေတာ့ ပိုမိုအရသာရွိပါတယ္။
၃။ ထိုကဲ့သို႔ ႏွပ္ထားၿပီးတဲ့ေနာက္မွာ ၾကက္သားတံုးမ်ားကို အကင္တုတ္ထိုးထဲတြင္ ထိုးထည့္ထားလိုက္ပါ။ တစ္ေခ်ာင္းကို ၄ တံုးမွ ၇ တံုးအထိ ထိုးထည့္ႏိုင္ပါတယ္။
၄။ ဒယ္အိုးအျပားကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ပါ။ ဆီပူလာပါက ၾကက္သားတုတ္ထိုးမ်ားထည့္ကာ ၁၀ မိနစ္ခန္႔ ကင္ေပးလိုက္ပါ။ ထို႔ေနာက္ အျခားတစ္ဖက္သို႔လွန္ကာ ေနာက္ထပ္ ၁၀ မိနစ္ ထပ္ကင္ေပးလိုက္ပါ။ (သင့္အေနနဲ႔ ဒယ္အိုးနဲ႔ မကင္ခ်င္ဘဲ အကင္မီးဖိုျဖင့္ ကင္ေပးမယ္ဆိုလည္း ရပါေသးတယ္။)
ဒါဆိုရင္ေတာ့ ၾကက္သားဆာေတးေလး ရရွိသြားပါၿပီ။ မိမိႀကိဳက္ႏွစ္သက္ရာအခ်ဥ္ရည္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိ တြဲဖက္စားသံုးႏိုင္ပါတယ္။
Source: Thewoksoflife.com