မင်္ဂလာပါ Foodies လေးတို့ရေ… အသားကင် ကြိုက်နှစ်သက်သူများအတွက် အာဟာရပြည့်ဝတဲ့ ကြက်သားတုတ်ထိုး အသားကင် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ရယ်ဒီမိတ်အသားကင်တွေ စားမယ့်အစား အားတဲ့အချိန်လေးမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသားကင်လေး ကင်စားလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁၀ တုံး ၁၂ တုံးခန့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နနွင်းမှုန့်နှင့် သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သံပုရာသီး တစ်လုံးနှင့် ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်ခုထဲတွင် ပဲငံပြာရည်၊ နနွင်းမှုန့်၊ သစ်ကြမ်းပိုးခေါက်မှုန့်၊ ငရုတ်သီးအနှစ်၊ သံပုရည်ရည်နှင့် ဆားတို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

၂။ ကြက်သားတုံးများကို အလုံပိတ်အိတ်ထဲထည့်ပြီးနောက် စောစောကနယ်ထားသော အချဉ်အနှစ်များကို ကြက်သားအိတ်ထဲလောင်းချပြီး တစ်အိတ်လုံးပျံ့နှံ့သွားအောင် လက်နဲ့အသာအယာ ဖိကပ်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံးမိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။

၃။ အချဉ်အနှစ်များ ကြက်သားထဲသို့ စိမ့်ဝင်သွားပါက အိတ်ထဲကထုတ်ပြီး တုတ်ချောင်းလေးနဲ့ ထိုးထားလိုက်ပါ။ ထို့နောက် အကင်မီးဖို (သို့) အကင်ဒယ်အိုးကို ဆီသုတ်လိမ်းထားပြီးနောက် ကြက်သားတုတ်ထိုးများကို ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။

အကုန်လုံးကင်ပြီးသွားတဲ့အခါမှာတော့ မိမိနှစ်သက်ရာ အချဉ်၊ ဆော့စ်တို့နဲ့ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: picturetherecipe.com