ကြက်အရေခွံ နဲ့ အဆီဖူး ကြိုက်နှစ်သော သူများအတွက် မအီစေသော အရေခွံ သုပ်နည်းကို ရှယ်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- (ကြက်အဆီဖု နဲ့ အရေခွံပြုတ်ထားရန်)
- ဆား ၁ ဇွန်း လက်ဖက်ဇွန်း
- ငံပြာရည် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
- ကြက်အရေခွံ ၃၀ ကျပ်သား
- ကြက်အဆီဖု ၁၅ ကျပ်သား
- နနွင်းမှုန့် တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
- ချင်း လက်မဝက်ခံ၊ ခတ်ပါးပါးလှီးထည့်ပါ
- ကြက်သွန်ဖြူ ၂ တက် ( တစ်ပြားရိုက်ထားပါ)
- နာနတ်ပွင့် ၁ ပွင့်
- လေးညှင်း ၃ ပွင့်
- မက်ခါသီး ၅ စေ့
- စပါးလင် တစ်ဝက်ချောင်း (ထုပြီး ထုံးထားပါ)
- ရေ ၂ ခွက် ခွဲ (ဟင်းချက်ရန်တိုင်းသောခွက်)
- ပူစီနံ ၁ စီး (ခတ်ကြမ်းကြမ်းလှီးထားပါ)
- ကြက်သွန်နီ ၂ လုံး (ခတ်ပါးပါးလေးလှီးထားပါ)
- ငရုတ်သီးစိမ်း ၈ တောင့် (ပါးပါးလှီးထားပါ)
- ခရမ်းချဉ်သီး ၇ လုံး (အရှည်လိုက်ပါးပါးလှီးထားပါ)
- သံပုရာရည် ၁ ခြမ်း (လတ်ဆတ် အရည်ညစ်ယူထားပါ)
- Sunsauce chili sauce ၃ ဇွန်း (ကိုယ်နှစ်သက်ရာ အချဉ်ရည်ကို အသုံးပြုနိုင်ပါတယ်)
ပြုလုပ်နည်း
- စောက်နက်အိုးထဲ ကြက်အဆီဖု နဲ့ ကြက်အရေခွံ များ ပြုတ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး အရေခွံများ မြုပ်တယ့် အထိရေထည့်ပါ။ အရေခွံနူးအိတည့် အထိတည်ပါ။ ပြုတ်ပြီးသား ကြက်အဆီဖု နဲ့ ကြက်အရေခွံများကို အအေးခံပြီးအတုံးအသေးလေးတွေ လှီးထားပါ။
- ဖန်ဇလုံ အကြီးထဲ အရေခွံ လှီးထားသော အတုံးများ နှင့် ကျန်ပါဝင်ပစ္စည်းများ ကိုယ့်စိတ်ကြိုက် အရသာ အတိုင်းထည့်ပြီး နှံ့အောင်နယ်ပါ။ ဆားမြည်းပါ လိုတာ စိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ် ချက်ချင်းစားပါ။ ထမင်းနှင့် သုံးဆောင်လျင်လဲ ထမင်းမြိန်စေပါတယ်။
Credit: Syi Lwin Foods Garden