အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကို ကြော်စားလိုက်၊ ချက်စားလိုက်နဲ့ ရိုးအီနေသူများအတွက် ဒီတစ်ခါမှာတော့ အသစ်အဆန်းလေးဖြစ်စေမယ့် ကြက်ဥအစာသွပ်ထားသော ကြက်ပေါင်သားကင် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.mettricksbutchers.com

  • အရေခွံနဲ့ အရိုးများ ဖယ်ထားသည့် ကြက်ပေါင်သား ၉ တုံး
  • ကြက်ဥ ၃ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့် အနည်းငယ်
  • ကြက်သွန်နီမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်ပေါင်တုံးလေးများကို ပလပ်စတစ်အိတ်အကြီးတစ်လုံးနဲ့ ဖုံးအုပ်ထားပြီး ကြက်ပေါင်တုံးများ ပြားသွားစေဖို့ အသားထုတဲ့အလေးတုံးနဲ့ ထုချလိုက်ပါ။ Oven ကို အပူချိန် ၃၈၀ ဒီဂရီဖာရင်ဟိုက်နဲ့ ကြိုတင်အပူပေးထားပါ။

ခဲဖတ်ရဲ့ အပေါ်မှာ ကြက်သားတုံးလေးများကို ထောင့်မှန်စတုဂံပုံစံ ညီညီညာညာဖြန့်ကျက်ထားလိုက်ပါ။ ကြက်သားပေါ်မှာ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်နီမှုန့်၊ ကြက်သွန်ဖြူမှုန့်လေးများ ဖြူးလိုက်ပါ။ သံပုယိုရည်လေး ညှစ်ပေးလိုက်ပါ။

ပန်းကန်လုံး တစ်လုံးထဲမှာ ကြက်ဥ ၃ လုံး ဖောက်ထည့်ပြီး နွားနို့ထည့်ရောလိုက်ပါ။ ငရုတ်ကောင်းနဲ့ ဆားအနည်းငယ်ထပ်ထည့်ပြီး မွှေခလောက်ပေးလိုက်ပါ။

ပြီးရင်တော့ ကြက်ဥကို ကြော်ပေးလိုက်ပါ။

ကြက်ဥကြော်ကိုလည်း ထောင်မှန်စတုဂံပုံစံ လှီးဖြတ်ပြီး ကြက်သားပေါ်တင်ပေးလိုက်ပါ။

ပြီးရင် ခဲဖတ်လေးကို တင်းတင်းလေးလိပ်ပေးလိုက်ပါ။

ခဲဖတ်ကို လိပ်ပြီးတဲ့အခါ ထောင့်စွန်းနှစ်ဖက်ကိုလည်း ပိတ်စည်းထားလိုက်ပါ။

ထို့နောက် Oven ထဲမှာ ၃၅ မိနစ်ကနေ မိနစ် ၄၀ အထိ ထည့်ထားလိုက်ပါ။

မိနစ်အနည်းငယ်အကြာ အအေးခံပြီးတဲ့နောက်မှာတော့ ကြက်သား ကြက်ဥအစာသွပ်လေးကို ၂ လက်မ (သို့) ၃ လက်မစီ အကွာအဝေးညီညီ လှီးဖြတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိလှတဲ့ ကြက်သား ကြက်ဥအစာသွပ်ဟင်းလျာလေးကို သုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com