ကြက်သွန်ဖြူ စားသုံးခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ မရေမတွက်နိုင်အောင် များပြားပါတယ်။ ကိုယ်ခံစွမ်းအားမြင့်တင့်ပေးခြင်းကြောင့် ရောဂါဘယများ၊ ဖျားနာခြင်း၊ နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ အသည်းကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေးနဲ့ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်းအပြင် သွေးပေါင်ချိန်ကိုလည်း မှန်ကန်အောင် ထိန်းညှိပေးပါတယ်။

ရှေးလူကြီးများကတော့ ကြက်သွန်ဖြူကို အစာကြေ လေနိုင်ဆေးအဖြစ် တင်စားကြပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါ ဝေမျှပေးချင်တဲ့ ဟင်းလျာကတော့ ကြက်သွန်ဖြူများများ ထည့်ချက်ထားတဲ့ ကြက်သားဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးမပါ၊ အရေခွံမပါသော ကြက်သား ၂ ပေါင်ခန့်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ အမြွှာ ၄၀
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို အနေတော်အတုံး တုံးထားပါ။

၂။ Oven ထဲ ထည့်ထားလို့ရတဲ့ ဒယ်အိုးထဲသို့ သံလွင်ဆီ ထည့်ပြီး အပူပေးပါ။ ထို့နောက် ကြက်သားတုံးများ ထည့်ပြီး အညိုရောင် ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။ ရရှိလာတဲ့ ကြက်သားကြော်များကို ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၃။ ထိုဒယ်အိုးထဲသို့ပင် ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ကာ သမအောင် မွှေလိုက်ပါ။ ထို့နောက် ဝိုင်ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၄။ ထို့နောက် ကြက်ပြုတ်ရည် လောင်းထည့်ပြီးနောက် ကြက်သားကြော်များ ပြန်ထည့်ကာ အိုးအဖုံး အုပ်ထားလိုက်ပါ။

ထို့နောက် ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲသို့ ထိုဒယ်အိုးကို မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အနံ့မွှေးမွှေးလေးနဲ့ အစာကြေ လေနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကြက်သားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Jocooks.com