ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်အစပ်ကြော်ဟင်းလျာ ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၂ ပေါင် (ရေဆေးပြီး သန့်စင်ထားပါ)
  • ငရုတ်သီး ၅ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၈ မြွှာ (ဓားပြားရိုက်ပြီးနောက် ပါးပါးလှီးထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို ပန်းကန်ပြားထဲ ထည့်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ပုစွန်များကို ပွတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် သိပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ထောပတ် ထည့်ကာ ထောပတ်များ အရည်ပျော်သွားသည်အထိ အပူပေးပါ။ ထို့နောက် ဟင်းချက်ဆီထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။

၃။ ထို့နောက် ပါးပါးလှီးထားသော ငရုတ်သီးများထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်လှော်လိုက်ပါ။

၄။ ပြီးရင်တော့ ပုစွန်ထည့်ကာ လိမ္မော်ရောင် သမ်းလာသည်အထိ မွှေကြော်ပါ။

၅။ ထို့နောက် ကြက်သွန်မြိတ်ထည့်ကာ ၁ မိနစ်ခန့် ထပ်မံမွှေကြော်ပါ။

ဒါဆိုရင်တော့ ပုစွန် အစပ်ကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Panlasangpinoy.com