အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်ဟင်းရည်ကို ခါတိုင်းချက်နေကျနဲ့မတူဘဲ ပုံစံတစ်မျိုးနဲ့ ခပ်စပ်စပ်လေး ချက်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အရိုးမပါတဲ့ ကြက်သား (၁၅) ကျပ်သား
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်မြိတ် တစ်ခြမ်း
  • ကြက်သွန်ဖြူ ၄ ဥ၊ ၅ ဥခန့်
  • ဂျင်း ခပ်ပါးပါးလှီးပါ

အရသာထည့်ရန်

  • Vinegar ရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့်
  • ဆီ

အသီးအရွက်များ

  • သခွားသီး အနည်းငယ်
  • ခရမ်းချဉ်သီး
  • ဂေါ်ဖီထုပ်
  • ငရုတ်သီး

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားစွပ်ပြုတ်ရည်နဲ့ ကြက်သားကိုထည့်လိုက်ပါ။ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ Vinegar, သံပယိုရည်၊ သကြား၊ ပဲငံပြာရည်၊ ဆားတို့ကိုထည့်လိုက်ပါ။

ကြက်သားနူးလာရင် ကြက်သားကိုဖယ်လိုက်ပြီး အရည်ကို သတ်သတ်ထားထားပါ။ ကြက်သားကို မွှလိုက်ပါ။

ပြီးရင် ကြက်သာကိုအအေးခံလိုက်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်ဖြူတောက်တောက်စဉ်းတို့နဲ့ နယ်ပေးလိုက်ပါ။

အသီးအရွက်တွေကို ပြင်ဆင်လိုက်ပါ။

ပြီးသွားရင်တော့ ကြက်စွပ်ပြုတ်ရည်ပူပူလေးနဲ့ အသီးအရွက်တွေကို ခဏစိမ်ပေးလိုက်ပြီး ပြန်ဆယ်လိုက်ပါ။ ပြီးရင် ကြက်သားထည့်လိုက်ပါ။

ပန်းကန်ထဲမှာ ကြက်သား၊ အသီးအရွက်တွေကိုအတူတူထည့်လိုက်ပြီး ကြက်စွပ်ပြုတ်ရည် ထည့်လိုက်ကာ ပူပူလေးသုံးဆောင်လို့ရပါတယ်။

ခေါက်ဆွဲနဲ့လည်း သုံးဆောင်လို့ရပါတယ်နော်။

Source: www.koreanbapsang.com

By: MyFood Myanmar