ချဉ်ပေါင်ဖူးကို ဈေးထဲမှာတော့ အပုံလေးတွေရောင်းတာ တွေ့ဖူးမှာပါ။ ဒီလိုချဉ်ပေါင်ဖူးလေးတွေကို အရသာရှိအောင် ထောင်းပြီး စားကြည့်ကြမယ်။

ပါဝင်ပစ္စည်း

  • ချဉ်ပေါင်ဖူး လက်တစ်ဆုတ်စာ
  • ကြက်သွန်ဖြူ ၁မွှာ
  • ငရုတ်သီးစိမ်း ၅တောင့်
  • ငပိ အနည်းငယ်

  • ပုဇွန်ခြောက် အနည်းငယ်
  • မြေပဲလှော် အနည်းငယ်
  • ပဲဆီ

ပြုလုပ်နည်း

ချဉ်ပေါင်ဖူး လက်တစ်ဆုပ်ခန့်ကိုရေဆေးပြီး စစ်ထားပါ။

ကြက်သွန်ဖြူ တမွှာခန့် ၊ ငရုတ်သီးစိမ်း ၅တောင့် လောက်ကို လှော်ရျ်ထားပါ။

ငပိ အနည်းငယ်ကို ကင်ပါ။ (တချို့က ငပိထည့်ထောင်းထာကိုမကြိုက်လို့ ပုဇွန်ခြောက်နဲ့ထောင်းပါတယ်။)

ငပိရော ပုဇွန်ခြောက်ရော နှစ်မျိုးလုံးကို အနည်းငယ်စီ ထည့်ရျ် ထောင်းနိုင်ပါတယ်။

မြေပဲလှော်ကို မညက်တညက်ထောင်းထားပါ။

ပြီးရင် အားလုံးကို ဆုံထဲမှာ အကုန်ရောထောင်းပြီး ပဲဆီမွှေးမွှေးလေး ဆမ်းစားလို့ရပါတယ်။

အပေါ့အငံအစပ်ကို မိမိနှစ်သက်သလို ထည့်ပြီးစားနိုင်ပါသည်။

Credit: Myanmar Yummy Foods