ဝက်နားရွက်သုပ်ကို တရုတ် စီချွမ် စတိုင်လ်လေး သုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်နားရွက်ကြီး ၃ ခု
  • ဂျင်း ၃ ထစ်
  • ကြက်သွန်မြိတ် ၁ ခု
  • စီချွမ် ငရုတ်ကောင်းစေ့ အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သုပ်ဖို့

  • စီချွမ် အနီရောင် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သား ပြုတ်ရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အမည်းရောင် ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • လှော်ထားတဲ့ နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • နံနံပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဝက်နားရွက်များကို ပြုတ်ထားပါ။ ဂျင်း၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းစေ့ များထည့်ပြီး ဝက်နားရွက်ကို မိနစ် ၂၀ လောက်ပြုတ်ထားပါ။ မီးပြင်းပြင်းနဲ့ ပြုတ်ပါ။

ဝက်နားရွက်ကို ဖယ်လိုက်ပြီး အအေးခံထားပါ။ ဝက်နားရွက်ကို အရိုးနုအတိုင်း အရှည်လေးတွေ လှီးပါ။ ပန်းကန်ထဲထည့်ပါ။

သုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းစာရင်းထဲမှာပါဝင်တဲ့ ပစ္စည်းများကို ဇလုံတစ်ခုထဲထည့်ပြီး နယ်ပါ။

ဝက်နားရွက်အပေါ် သုပ်ဖို့ ပြင်ထားတဲ့အရည်ကို လောင်းချ နယ်ပြီး နံနံပင်နဲ့ အလှဆင်လိုက်ပါ။

အကယ်၍ အစပ်လိုရင် Chili Oil စားပွဲတင်ဇွန်း ၁ ဇွန်း နှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောပြီး ထပ်ထည့်လို့ရပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ စီချွမ် ဝက်နားရွက်သုပ်လေးရပါပြီနော်။

Photos Credit: Chinasichuanfood