အကြော်အလှော်စာတွေ စားတဲ့အခါ ဆီက သန့်ပါ့မလား။ ကျန်းမာရေးနဲ့ ညီညွှတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ဘယ်အကြော်စာမှ မစားရဲဘူးဖြစ်နေသူတွေအတွက် မိမိအိမ်မှာပဲ ဆီသန့်သန့်လေးနဲ့ ကြော်လို့ရတဲ့ ငှက်ပျောကြော်အချိုပွဲ ပြင်ဆင်ကြော်လှော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၅ လုံး (တစ်လက်မအထူခန့် လှီးဖြတ်ထားပါ)
  • ဆီ
  • သကြား (သို့) ပျားရည်
  • ဂျုံမှုန့် ၆၄ ဂရမ်
  • ပြောင်းမှုန့် ၆၄ ဂရမ်

  • နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း (အရည်ဖျော်ထားလိုက်ပါ)
  • ရေ ၁၂၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ပြောင်းမှုန့်၊ နွားနို့၊ ထောပတ်၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ ၁၂၅ မီလီလီတာတို့ကို ပေါင်းထည့်ကာ အနှစ်များရအောင် မွှေပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ (တစ်လက်မဇောက်အနက်ခန့်ရအောင်) ထည့်ကာ အပူပေးထားလိုက်ပါ။

၃။ ငှက်ပျောတုံးများကို စောစောကဂျုံနှစ်ထဲထည့်ကာ မုန့်နှစ်များကပ်ပေးလိုက်ပါ။ မုန့်နှစ်ကပ်ပြီးသော ငှက်ပျောတုံးများကို ဆီပူထဲထည့်ကာ ရွှေညိုရောင်သမ်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၄။ ကြော်ပြီးသော ငှက်ပျောတုံးများကို ပန်းကန်ပြားထဲထည့်ကာ အအေးခံထားလိုက်ပါ။ စားခါနီးကျမှ သကြား အနည်းငယ်ဖြူးကာ စားသုံးနိုင်သလို ပျားရည်အနည်းငယ် ဆမ်း၍လည်း စားသုံးနိုင်ပါတယ်။

Source: Omnivorescookbook.com