အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အားလုံးကြိုက်မယ်လို့မျှော်လင့်တဲ့ အမဲသားအာလူးဟင်း ချက်နည်းလေးကို မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- အမဲသား (၈၀၀) ဂရမ်
- အာလူးအကြီး ၂ လုံး
- နနွင်းမှုန့်အနည်းငယ်
- ဆား
- နာနတ်ပွင့် ၂ ပွင့်
- နံနံစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အမဲသားအာလူးချက်နည်းက အများကြီးရှိပါတယ်။ ဒီတခါမှာတော့ အရမ်းရိုးရှင်းပြီးလွယ်ကူသလို အရသာရှိတဲ့ အမဲသားချက်နည်းဖြစ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး အမဲသားကို နာနတ်ပွင့်နဲ့ နံနံစေ့တို့ထည့်ပြီး ပြုတ်ပေးလိုက်ပါ။ အနံ့လည်းပျောက်သွားအောင်လို့ပါ။
ဆူပွက်လာပြီဆိုရင်တော့ ၁ နာရီလောက်အထိထားပြီးသည်ထားပေးပါ။ တစ်နာရီဆိုရင် အသားက လုံးဝ နူးသွားပါလိမ့်မယ်။
အမဲသားပြုတ်နေစဉ်မှာ အာလူးကို အခွံနွှာပြီး အတုံးလေးတွေလှီးလိုက်ပါ။
အသားလေးတွေကိုလည်း အတုံးလေးတွေလှီးပေးလိုက်ပါ။
အမဲပြုတ်ထားတဲ့ရကိုလည်းထည့်လိုက်ပါ။ နာနတ်ပွင့်နဲ့ နံနံစေ့ကိုတော့ ချန်ထားလိုက်ပါ။
ပြီးရင်တော့ ဆူအောင်သည်လိုက်ပြီး နနွင်းမှုန့်နည်းနည်းထည့်လိုက်ပါ။ ပြီးရင်ဆားထည့်လိုက်ပါ။
အာလူးထည့်လိုက်ပြီး မိနစ်၃၀ လောက်ချက်ပါ။ အာလူးလည်းနူးပြီဆိုရင်တော့ ကော်မှုန့်အနည်းငယ်ကို ရေအေးလေးနဲ့ရောပြီး ထည့်လိုက်ပါ။ သေခာျလေးမွှေပေးလိုက်ရင် သုံးဆောင်လို့ရပါပြီနော်။
Source: www.yumofchina.com
By: MyFood Myanmar